Samsung Galaxy S20 မော်ဒယ် အားလုံးမှာ 12GB RAM ပါမည်

Samsung Galaxy S20 မော်ဒယ် အားလုံးမှာ ပုံသေ စံနှုန်း အနေနဲ့ 12GB RAM ပါမယ်လို့ သတင်းထွက်လာပါတယ်။ အရင်မျိုးဆက်မှာ အများဆုံးအနေနဲ့ 8GB RAM ပါလာခဲ့ပြီး စွမ်းရည်အမြင့်ဆုံး Galaxy S10+ မှာ 12GB RAM ထည့်သွင်းပေးခဲ့ပါတယ်။ Galaxy S10e မှာ အနည်းဆုံးအနေနဲ့ 6GB RAM ပါလာခဲ့ပါတယ်။ ဒီနှစ်မှာတော့ e မော်ဒယ် မပါလာတော့ဘူးလို့ သတင်းထွက်နေပါတယ်။

16GB RAM ပါတဲ့ ပထမဆုံး ဖုန်းတွေ ခုထိ မထွက်လာသေးပါဘူး။ Galaxy S20 Series တွေမှာ 12GB RAM ပဲပါလာနိုင်ပါတယ်။ ဒါပေမယ့်လည်း Samsung က Galaxy S20 Series တွေမှာ 12GB RAM ထက် ပိုထည့်ပေးပြီး အံ့အားသင့်အောင် ပြုလုပ်နိုင်ပါတယ်။ Benchmark Scores မှာ 12GB RAM ထက် ပိုပါလာတာ မတွေ့ရသေးပါဘူး။

Galaxy S20 Series မှာ နိုင်ငံအပေါ်မူတည်ပြီး Snapdragon 865 or Exynos 9830 Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာ Samsung က ခါတိုင်းထက် Qualcomm Chips တွေကို ပိုသုံးမယ်လို့ သတင်းထွက်နေပါတယ်။ ဥရောပမှာ ရောင်းမယ့် မော်ဒယ်တွေမှာ Exynos Chips မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ Galaxy S20 Series တွေကို ဆန်ဖရန်စ္စကိုမှာ နောက်လ ၁၁ ရက်နေ့ ကြေညာမယ်လို့ ထင်ပါတယ်။

Ref : gsmarena

%d bloggers like this: