Vivo APEX 2020 Concept ဖုန်းကို MWC မှာ ပြသမည်

Vivo က ဖေဖော်ဝါရီလ ၂၃ နဲ့ ၂၄ ရက်နေ့မှာ ကျင်းပမယ့် Mobile World Congress မှာ APEX 2020 Concept ဖုန်းကို ပြသမှာ ဖြစ်ပါတယ်။ Vivo က မီဒီယာတွေကို ပေးပို့တဲ့ ဖိတ်စာ ပေါက်ကြားထွက်ပေါ်လာခဲ့ပြီး Concept ဖုန်းကို ကြော်ငြာထားတဲ့ စာသားက “Empower the Next” ဖြစ်ပါတယ်။

Vivo ရဲ့ အရင် APEX Concepts တွေဟာ နည်းပညာ ပြပွဲတွေမှာ လူတွေ အရမ်းကို အံ့အားသင့်စေခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် အစောပိုင်းမှာ ပြသခဲ့တဲ့ ပထမဆုံး APEX Concept ဟာ ဘောင်လုံးဝ မပါတဲ့ ဒီဇိုင်းဖြစ်ပြီး မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ပြသခဲ့တဲ့ APEX 2019 မှာ မျက်နှာပြင်ရဲ့ ဘယ်နေရာကနေ မဆို အာရုံခံနိုင်တဲ့ လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပြီး ကိုယ်ထည်မှာ အပေါက်လုံးဝ မပါတာက ဒီဇိုင်း အရမ်းလန်းပါတယ်။

Vivo APEX 2020 Concept မှာလည်း ဒီလို နည်းပညာတွေ ပါလာမှာပါ။ MWC မှာ Vivo ချပြမယ့် နည်းပညာတွေဟာ အရမ်းကို စိတ်ဝင်စားစရာကောင်းမှာ သေချာပါတယ်။

Ref : gsmarena

%d bloggers like this: