Realme Buds Air Neo လာမည်

Realme UI ကို တရားဝင် ကြေညာလိုက်ပြီဖြစ်ပြီး Screenshot တွေအရ Realme နောက်ထုတ်မယ့် ထုတ်ကုန် အသစ် ၁ ခုကို သိလိုက်ရပါပြီ။ အဲဒါကတော့ Realme Buds Air Neo ဖြစ်ပြီး Settings ရဲ့ Dual Earphone Connection Screen မှာ မြင်ရပါတယ်။

Realme Buds Air ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကြေညာခဲ့တာ ဖြစ်ပြီး ပေးရတဲ့ဈေးထက် တန်တဲ့ နားကြပ် ဖြစ်ပါတယ်။ Realme Buds Air မှာ Phone Call ပြင်ပအတွက် Active Noise Cancellation နည်းပညာ မပါတဲ့အတွက် Realme Buds Air Neo မှာ ပါလာနိုင်ပါတယ်။

Dual Earphone လုပ်ဆောင်ချက်က မတူညီတဲ့ Autio တွေကို Wired နဲ့ Wireless Headphones တွေဆီကို ပေးပို့နိုင်ပါတယ်။ ဥပမာအနေနဲ့ သင်ဟာ Wired Headphones ကနေ သီချင်းနားထောင်နေတဲ့အချိန်မှာ ဖုန်းဝင်လာရင် Bluetooth Headset ကနေ ဖြေနိုင်ပါတယ်။ ဒါဟာ စမတ်ဖုန်းတွေအတွက် ဖန်တီးနေတဲ့ Realme ရဲ့ လုပ်ဆောင်ချက် ၁ ခုလည်း ဖြစ်ပါတယ်။ အောက်မှာ Teaser Video ကို လေ့လာနိုင်ပြီး Dual Earphone Screenshot ဟာ 0:06 မှာ ပါလာပါတယ်။

ref : gsmarena

%d bloggers like this: