Motorola ရဲ့ ဒေါင်လိုက် ခေါက်ချိုးဖုန်း Razr ကို ရောင်းဖို့နီးနေပြီ

Motorola က ဝယ်လိုအား များနေတဲ့အတွက် ဒေါင်လိုက် ခေါက်ချိုးဖုန်း Razr ရောင်းမယ့်အချိန်ကို နောက်ဆုတ်မယ်လို့ မကြာခင်က ကြေညာခဲ့ပါတယ်။ အခုတော့ Lenovo China ရဲ့ မိုဘိုင်း ဌာနမှ အထွေထွေမန်နေဂျာက ဘူးခွံ ဓါတ်ပုံတွေကို ဝီဘိုမှာ မျှဝေလိုက်တဲ့အတွက် ရောင်းဖို့နီးပြီလို့ ထင်ရပါတယ်။ အဲဒီ ဓါတ်ပုံတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။ ဘူးခွံဟာ အနက်ရောင်ဖြစ်ပြီး တြိဂံပုံ ဖြစ်တဲ့အတွက် ဒီဇိုင်းက ထူးခြားပါတယ်။ ထိပ်ဖက်မှာ Motorola Logo ကို တွေ့ရပါတယ်။

Motorola က ဒေါင်လိုက်ခေါက်ချိုး ဖုန်း ဖြစ်တဲ့ Razr ကို နိုဝင်ဘာလက ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ကုမ္ပဏီက “ နိုဝင်ဘာလမှာ ကြေညာခဲ့ကတည်းက လူတွေရဲ့ စိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။ အဲဒီအတွက် ဝယ်လိုအားကို ပြည့်မှီအောင် မရောင်းနိုင်ဘူးလို့ ခန့်မှန်းရပါတယ်။ Razr ကို လူတွေ လိုသလောက် ဝယ်နိုင်အောင် ရောင်းချမယ့် အချိန်ကိုနောက်ဆုတ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အချိန်အများကြီးနောက်ကျမှာတော့ မဟုတ်ပါဘူး။ “ လို့ ကြေညာခဲ့ပါတယ်။

Galaxy Fold နဲ့ Mate X တို့ဟာလည်း ရောင်းချမယ့် မူလ သတ်မှတ်ချိန်ထက် လပေါင်းများစွာ နောက်ဆုတ်ခဲ့ရပါတယ်။ ဒါပေမယ့် Motorola က သူတို့ ဖုန်းကို ရောင်းချဖို့ အဲဒီလောက်နောက်ကျမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

Razr ကို ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ကြိုတင်မှာယူခွင့်ပြုပြီး ဇန်နဝါရီလ ၉ ရက်နေ့မှာ ရောင်းဖို့ မူလက စီစဉ်ထားခဲ့ပါတယ်။ အဲဒီ ဖုန်းဟာ ဒေါ်လာ ၁၅၀၀ တန်ကြေးရှိပြီး မြန်မာငွေ ၂၂ သိန်းလောက်ရှိပါတယ်။ ဒီဇိုင်းလန်းသလို ဈေးကလည်း မြောက်ပါတယ်။

Ref : gsmarena

%d bloggers like this: