Samsung Galaxy fold 2 ကို Galaxy Z Flip လို့ နာမည်ပေးထားနိုင်

Samsung ရဲ့ နောက်ထွက်မယ့် ဒေါင်လိုက် ခေါက်ချိုးဖုန်းကို Galaxy Fold 2 လို့ နာမည်ပေးထားမယ်လို့ အစောပိုင်းက ထင်ခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာ Galaxy Fold Series အစား Series အသစ်အနေနဲ့ ထွက်လာမယ်လို့ သတင်းထွက်လာပါတယ်။


မကြာခင်က Samsung Mobile ဌာနရဲ့ အကြီးအကဲ DJ Koh က Galaxy Bloom လို့ ခေါ်ခဲ့ပါတယ်။ အခုတော့ Samsung ရဲ့ အတွင်းသတင်းတွေကို ကြိုတင်ဟောကိန်းထုတ်ရာမှာ နာမည်ကြီးတဲ့ Ice Universe က Galaxy Z Flip နာမည်နဲ့ ရောင်းမယ်လို့ သတင်းပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၁ ပတ်က Bloom နာမည်နဲ့အတူ မှုန်ဝါးဝါး ခေါက်ချိုးဖုန်းရဲ့ ဓါတ်ပုံကိုပါ မြင်ခဲ့ရပါတယ်။ အခုတော့ Galaxy Z Flip နာမည်ထွက်လာပြန်ပါပြီ။ ဒါပေမယ့် ဒီနာမည်ဟာ တကယ်ဖြစ်လာမလားဆို သေချာပေါက်မပြောနိုင်သေးပါဘူး။

Samsung ရဲ့ ဒုတိယမြောက် ခေါက်ချိုးဖုန်းရဲ့ ဓါတ်ပုံနဲ့ သတင်းတွေ ထွက်နေပါတယ်။ သူ့မှာ Super Fast Charging ပါလာမှာ ဖြစ်ပြီး Snapdragon 865 မဟုတ်ဘဲ 855 ကိုပဲ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ Samsung က အဲဒီဖုန်းကို ဖန်တီးနေတာ ကြာပြီဖြစ်တဲ့အတွက် အဲဒီအချိန်တုန်းက နောက်ဆုံးထွက်ထားတဲ့ Chipset ကို သုံးထားတာဖြစ်နိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: