လကမ္ဘာကို အလည်သွားဖို့ ချစ်သူ မိန်းကလေး ရှာနေတဲ့ ဂျပန် ဘီလီယမ်နာ

ဂျပန်က ဘီလီယမ်နာ Yusaku Maezawa က SpaceX ဒုံးပျံနဲ့ လကမ္ဘာကို အလည်သွားတော့မှာပါ။ ဒါပေမယ့် သူက တခြား ခရီးသွားဖော်တွေနဲ့ မသွားချင်ပါဘူး။ ချစ်သူ ကောင်မလေး ၁ ယောက်နဲ့ သွားချင်နေတာပါ။ သူ့ရဲ့ ဝက်ဘ်ဆိုက်ကနေ အဲဒီချစ်သူ ကောင်မလေးကို ရှာဖွေနေပါတယ်။

သူက Full Moon Lovers လို့ နာမည်ပေးထားတဲ့ Reality Show ကနေ ချစ်သူကို ရှာဖွေမှာ ဖြစ်ပြီး အဲဒီ Show ကို ဂျပန် Streaming Service ဖြစ်တဲ့ AbemaTV ကနေ ပြသမှာပါ။ Show ကို ပြိုင်ပွဲ ၁ ခုအနေနဲ့ ပြုလုပ်မှာ ဖြစ်ပြီး အသက် ၂၀ နဲ့အထက် အိမ်ထောင်မရှိသူ အပျိုတွေ ပါဝင်နိုင်ပါတယ်။ အာကာသကို သွားချင်သူ၊ ကမ္ဘာ့ငြိမ်းချမ်းရေးလိုလားသူ၊ လူမှု ဆက်ဆံရေးကောင်းသူတွေကို ဉီးစားပေး ရွေးချယ်မှာပါ။

Maezawa နဲ့ သူ့ချစ်သူဟာ SpaceX ရဲ့ နောက်မျိုးဆက် Starship Rocket နဲ့ လကမ္ဘာကို ခရီးထွက်မှာ ဖြစ်ပြီး အဲဒီ ဒုံးပျံဟာ အရွယ်အစား ကြီးမားသလို လ အပါအဝင် အရမ်းဝေးတဲ့ အာကာသ နေရာတွေအထိ သွားနိုင်အောင် ဖန်တီးထားပါတယ်။ SpaceX က Maezawa ဟာ Starship နဲ့ ပထမဆုံး ခရီးသွားမယ့်သူ ဖြစ်ပြီး စပေါ်ငွေ ပေးသွင်းပြီးပြီလို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလက ကြေညာခဲ့ပါတယ်။ ငွေကြေး ပမာဏနဲ့ ခရီးထွက်မယ့် အချိန်ကို SpaceX က မပြောသေးပါဘူး။

Ref : theverge

%d bloggers like this: