iPhone XR, XS , XS Max Smart Battery Case အတွက် ဘက်ထရီ လဲလှယ်ပေးတဲ့ အစီအစဉ်ကို Apple စတင်

Apple က Smart Battery Case ပါတဲ့ မော်ဒယ် တချို့အတွက် ဘက်ထရီ အသစ် လဲလှယ်ပေးတဲ့ အစီအစဉ်ကို စတင် ပြုလုပ်ပေးလိုက်ပါတယ်။ အဲဒီ ဖုန်းတွေထဲမှာ အားသွင်းရင် ကွိုင်တက်နေတဲ့ iPhone XR, XS , XS Max တွေ အပါအဝင် ၂၀၁၈ ခုနှစ်ထုတ် iPhone တွေပါပါတယ်။

ပြဿနာဖြစ်နေတဲ့ Smart Battery Case တွေမှာ ပြဿနာ ၂ ခုထဲက ၁ ခု ဖြစ်နေပါတယ်။ Case ရဲ့ Battery ဟာအားဖြည့်မပေးတာ ဒါမှမဟုတ် စဉ်ဆက်မပြတ် အားဖြည့်မပေးတာ ဖြစ်ပါတယ်။ နောက် ၁ ခုက Case ရဲ့ Battery ဟာ iPhone ကို အားဖြည့်မပေးတာ ဒါမှမဟုတ် စဉ်ဆက်မပြတ် အားဖြည့်မပေးတာတွေ ဖြစ်ပါတယ်။

အဲဒီ ပြဿနာ ဖြစ်နေတ့ သူတွေဟာ Apple Authorized Service Provider, Apple Support တွေကို ဆက်သွယ်နိုင်သလို Apple Store ကို သွားရောက် အကူအညီတောင်းနိုင်ပါတယ်။ Battery လဲလှယ်ပေးတဲ့ အစီအစဉ် အသေးစိတ်ကို Apple Support Page မှာ သိနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: