နောက်ပိုင်းထုတ် Apple Pencil မှာ ပိုလန်းတဲ့ Touch Gesture တွေ သုံးနိုင်တော့မယ်

iPad တွေမှာထည့်သွင်းထားတဲ့ Apple Pencil ဟာ နည်းပညာ အမြင့်ဆုံး ဒစ်ဂျစ်တယ်ဘောပင် ၁ ခု ဖြစ်ပြီး ၂ ချက်နှိပ်ရင် အလုပ်တွေ လုပ်ပေးတဲ့ Basic Gesture တွေ ပါပါတယ်။ အခုတော့ US Patent and Trademark Office မှာ Apple က နောက်မျိုးဆက် Pencil နည်းပညာကို မှတ်ပုံတင်လိုက်ပြီး အဆင့်မြင့် Gesture တွေ ပါလာမှာပါ။

Patent အရ လက်ကိုင်ထားတဲ့ အနေအထားပေါ်မူတည်ပြီး မတူတဲ့ Gesture တွေကို သိနားလည်တဲ့ Flexible Touch-sensitive Area ၁ ခု ပါပါတယ်။ Swipe Gesture ကိုလည်း အသုံးပြုနိုင်ပါတယ်။ ဘောပင်ကို ကိုင်ထားပေမယ့် စကရင်မှာ ထိတွေ့ အသုံးမပြုတဲ့အခါ Swipe နဲ့ Touch Gesture Mode ကို အလိုလို ပြောင်းပေးတဲ့ လုပ်ဆောင်ချက်ပါပါတယ်။

တခြား Patent တွေအရ ဘောပင်ရဲ့ ထိပ်ဖျားမှာ ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး ပုံဆွဲတဲ့အခါမှာ သဘာ၀ ပိုကျစေတဲ့ အရသာ ခံစားရစေမယ့် Haptic Engine ကို အဆင့်မြှင့်ပေးထားပါတယ်။ ကင်မရာက မတူညီတဲ့ မျက်နှာပြင်တွေကို ဗီဒီယို ရိုက်ကူးပေးနိုင်ပြီး iPad ရဲ့ Screen မှာ ပြသပေးမှာပါ။

Ref : gsmarena

%d bloggers like this: