Realme X အတွက် Android 10 အခြေပြု Realme UI Beta Update ရပြီ

Realme X2 Pro အတွက် Android 10 အခြေပြု Realme UI Beta Update ကို မကြာခင်က ဖြန့်ချိပေးခဲ့ပါတယ်။ အခုတော့ အဲဒီ Update ကို Realme X မှာ ရရှိသွားပါပြီ။ Beta Firmware ရဲ့ ဗားရှင်း နံပါတ်က RMX1901-11-C.02 ဖြစ်ပြီး လက်ရှိမှာ တရုတ်မှာပဲ ဖြန့်ချိပေးထားတာပါ။ Stable Version ကို နောက်လမှာ တရုတ်မှာ ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။

Realme X Lite ( 3 Pro) ကလည်း လာမယ့်လမှာ Stable Version ရရှိမှာ ဖြစ်ပြီး Realme Q ( 5 Pro) က မတ်လမှာ ရမှာပါ။ Realme X2 နဲ့ X2 Pro ကိုင်ထားသူတွေက ဧပြီလအထိ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ ဒီအချိန်ဇယားတွေဟာ တရုတ်အတွက် ဖြစ်ပါတယ်။ ကမ္ဘာအဝန်းအတွက် Stable Version ဒီလမှာ ဖြန့်ချိပေးမှာ ဖြစ်ပြီး 3 Pro နဲ့ XT တို့ အစောဆုံးရရှိမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: