ဖန်သားပြင်ငါးလက်မနဲ့ 8-Megapixel ကင်မရာပါရှိတဲ့ Asus Live ဖုန်းထွက်ရှိ

Jan 17, 2016
0 7

ထိုင်ဝမ်နည်းပညာကုမ္ပဏီ Asus ဟာ ZenFone စမတ်ဖုန်းစီးရီးထဲကမဟုတ်ဘဲ Asus Live လို့ အမည်ပေးထားတဲ့ဖုန်းကို ဘရာဇီးနိုင်ငံမှာ စတင်ဖြန့်ချိခဲ့ပါတယ်။

Asus Live စမတ်ဖုန်းဟာ တန်ဖိုးနည်းဖုန်းတစ်လုံးဖြစ်ပေမယ့် RAM 2GB ပါရှိတာကြောင့် ဂိမ်းအမြင့်တွေကောင်းကောင်းဆော့နိုင်ပြီး ငါးလက်မအရွယ် HD (720×1280 pixels) မျက်နှာပြင်ကြောင့် ကောင်းမွန်တဲ့ရုပ်ထွက်ကိုပေးစွမ်းနိုင်မှာပါ။ Android 5.1 Lollipop စနစ်သုံး စမတ်ဖုန်းတစ်လုံးဖြစ်ပြီး 1.3 GHz quad-core MediaTek MT6580 ပရိုဆက်ဆာကိုအသုံးပြုထားပါတယ်။

3G ကွန်ရက်ချိတ်ဆက်နိုင်တဲ့စမတ်ဖုန်းဟာ storage 16GB တပါတည်းပါရှိပြီး၊ microSD ကတ်စိုက်ကာ 64 GB အထိထပ်ချဲ့နိုင်တာကြောင့် ဖုန်းထဲမှာဒေတာများများသိမ်းထားနိုင်ပါတယ်။ 8-megapixel ရှိတဲ့ ကျောဘက်ကင်မရာကလည်း အလိုအလျောက်ဆုံချက်ချိန်နိုင်သလို Selfie ရိုက်ချင်သူတွေအတွက်လည်း 2-megapixel ရှိတဲ့ရှေ့ကင်မရာပါရှိပါတ်။

Asus Live ဖုန်းကိုဝယ်ရင် Google Drive storage မှာ ဒေတာသိမ်းဆည်းနိုင်မှု 100 GB ကို ၂ နှစ်တာ အခမဲ့ရရှိမှာ ဖြစ်သလို၊ Asus ရဲ့ အွန်လိုင်းဖိုင်သိမ်းဆည်းမှုစနစ်ဖြစ်တဲ့ WebStorage မှာလည်း 5GB အခမဲ့ သိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။

အပြာရောင်၊ ပန်းခရမ်းရောင်၊ အ၀ါရောင်ဆိုပြီး အရောင်သုံးမျိုးရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ကာ ဈေးနှုန်းကတော့ ၂၁၀ ဒေါ်လာ (မြန်မာငွေ ၂သိန်း ၆ သောင်းခန့်) ရှိပါတယ်။

Ref: Gadgets360

 

You may be interested

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ

Ko Thuya - Jun 25, 2018

တစ်စက္ကန့်လျှင် ၆၀ ဖရိမ်နှုန်းဖြင့် Full HD Video များကို ရိုက်ကူးနိုင်တဲ့ စွမ်းရည်ဟာ Xiaomi Redmi Note 5 Pro ရဲ့ Chinese MIUI 10 Beta မှာ ပါလာပါတယ်။ ဒီသတင်းကို XDA…

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
96 shares32 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
123 shares32 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

Leave a Comment

Most from this category