Redmi 8 အတွက် Phantom Red အရောင် ထွက်ရှိ

Redmi 8 ကို ၂၀၁၉ အောက်တိုဘာလမှာ စတင် ရောင်းချပေးခဲ့ပြီး အရောင် ၃ မျိုး‌ေ ရွးချယ်နိုင်ခဲ့ပါတယ်။ အခုတော့ Phantom Red အ‌ေ ရာင်ကို တရုတ်မှာ ရောင်းပေးလိုက်ပါပြီ။ 4GB RAM , 64GB Storage ထည့်သွင်းထားပြီး ၇၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၆၀ ၀၀၀ လောက်ပဲရှိပါတယ်။ အရင်က Fairy Green, Sapphire Blue နဲ့ Carbon Ash အရောင်တွေကို ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Redmi 8 မှာ HD+ Resolution ရှိတဲ့ 6.22-inch IPS LCD Display ကို အသုံးပြုထားပြီး၊ Waterdrop Notch နဲ့ပဲ ဖြစ်ပါတယ်။ ရှေ့မျက်နှာပြင်ဒီဇိုင်းက အရင် Redmi 8 နဲ့ သိပ်မကွာပေမယ့် ကျောဘက်မှာတော့ ဒီဇိုင်းပြောင်းသွားပါတယ်။ Xiaomi ရဲ့ Aura Mirror ဒီဇိုင်းအသစ် ဖြစ်သွားတာပါ။ကျောဘက်ကိုယ်ထည်က လက်ရှိ Mid-range ဖုန်းတွေလို Glass ဖြစ်သွားတာက အမိုက်ဆုံး Upgrade လို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် အရင် Redmi 8A တုန်းက မပါခဲ့တဲ့ လက်ဗွေရာဆန်ဆာကိုလည်း ကျောဘက်မှာ တွေ့မြင်ရမှာပါ။

ကျောကင်မရာ၊ လက်ဗွေရာနဲ့ Redmi တံဆိပ်တို့ကို အလယ်ခေါင်မှာ အတန်းလိုက် ထည့်ထားတဲ့ ဒီဇိုင်းက တမျိုးဆွဲဆောင်မှု ရှိပါတယ်။ ဟိုးအောက်ဆုံးထိ အတန်းလိုက် ဒီဇိုင်းမဖော်ထားဘဲ Redmi တံဆိပ် ပါရုံလောက်ပဲ လုပ်ထားတာက ပိုလှတယ်လို့ ထင်ပါတယ်။ ဒါ့အပြင် ဖန်သားကိုယ်ထည်နဲ့ ဆိုတော့ တန်ဖိုးနည်းဖုန်းတလုံးလို့ ထင်စရာ မရှိပါဘူး။ ရှေ့ Display ကိုပါ Gorilla Glass 5 အုပ်ပေးထားတဲ့ ရှားရှားပါးပါး ဘတ်ဂျတ်ဖုန်းတလုံး ဖြစ်ပါတယ်။

အရင် Redmi 8A တုန်းက ကျောကင်မရာတလုံးတည်း ဖြစ်ပေမယ့် အခု Redmi 8 မှာတော့ Dual ဖြစ်သွားပါပြီ။ Main Camera က 12MP f/1.8 Sony IMX 363 Sensor နဲ့ Secondary က 2MP Depth Sensor ဖြစ်ပါတယ်။ အိန္ဒိယအတွက် သီးသန့် Mode ၆ ခု အပါအဝင် စုစုပေါင်း AI Scene Detection Mode ပေါင်း ၃၃ ခုအထိ ပါဝင်မှာ ဖြစ်ပါတယ်။ Face Unlock လည်း ရမှာပါ။ ရှေ့ကင်မရာကတော့ 8MP f/.20 တလုံးတည်းပါပဲ။

Redmi 8A မှာ သုံးထားတဲ့ Snapdragon 439 SoC ကိုပဲ ပြန်လည် အသုံးပြုထားတာကြောင့် စွမ်းဆောင်ရည်ကတော့ သိပ်ကွာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် RAM 4GB ရလာသလို၊ Storage ကိုလည်း 64GB အထိ ရပြီ ဖြစ်ပါတယ်။ မလောက်သေးရင် microSD ကတ်ကို 512GB အထိ ထပ်စိုက်နိုင်ဦးမှာပါ။ Redmi 8 မှာ နောက်ထပ်အားစရာစရာ Upgrade တခုကတော့ ဘက်ထရီ ဖြစ်ပါတယ်။ ကြီးမားတဲ့ 5,000mAh ဘက်ထရီ ထည့်ပေးထားပြီး၊ 18W Fast Charging လည်း သုံးနိုင်ပါတယ်။ ဒါပေမယ့် ဘူးထဲမှာ 10W Charger ပဲ ပါလာမှာကိုတော့ သတိပြုရမှာပါ။ Wireless FM Radio၊ 3.5mm ဂျက်ပင်ပေါက်၊ IR Blaster ၊ USB Type-C စသဖြင့် Connectivity အစုံအလင် ပါဝင်ပါတယ်။

Ref: XDA Developers, GSM Arena

%d bloggers like this: