ခေါက်ချိုုးမျက်နှာပြင်ပါတဲ့ Lenovo ThinkPad X1 Fold ကို ကြေညာ

Lenovo က ပြီးခဲ့တဲ့နှစ်မှာ ကမာ္ဘ့ပထမဆုံး ခေါက်ချိုး မျက်နှာပြင်ပါတဲ့ ပီစီ နမူနာမော်ဒယ်ကို ပြသခဲ့ပါတယ်။ အခုတော့ သူ့ကို ရောင်းတော့မယ်လို့ ကြေညာလိုက်ပါတယ်။ ThinkPad X1 Fold လို့ နာမည်ပေးထားပြီး ဒီနှစ်ထဲ ရောင်းမှာပါ။ Windows Hello ထောက်ပံ့တ ဲ့ ကင်မရာကို မျက်နှာပြင်ဘောင်မှာ ထည့်သွင်းထားပါတယ်။ ၁၃.၃ လက်မ မျက်နှာပြင် ဖြစ်ပြီး OLED Panel ကို သုံးထားပါတယ်။ LG Display က မျက်နှာပြင်ကို ထုတ်လုပ်ပေးထားတာဖြစ်ပြီး ခိုင်ခံ့မာကျောတယ်လို့ ပြောပါတယ်။

Windows 10 Pro မောင်းနှင်ထားပါတယ်။ Single Full Screen Mode လို သုံးနိုင်သလို App ၂ ခုကို ဘေးချင်းယှဥ◌်ပြီး တစ်ပြိုင်နက် သုံးနိုင်တဲ့ Dual Screen Mode လည်း ပါပါတယ်။ Portrait Mode န ဲ့ သုံးရင် အောက်ခြေမှာ Screen Keyboard ကို သုံးနိုင်ပါတယ်။ မျက်နှာပြင်ကို ခေါက်ချိုးပြီး လက်ပ်တော့လို သုံးတာ ဖြစ်ပါတယ်။ အောက်ခြေ တစ်ခြမ်းပေါ်မှာ Bluetooth Keyboard တင်ပြီး သုံးလို့လည်း ရပါတယ်။

Kickstand ထောင်ပြီး Bluetooth Keyboard နဲ့ တွဲသုံးလည်း ရပါတယ်။ အတွင်းပိုင်း အစိတ်အပိုင်းတွေကိုတော့ မသိရသေးပါဘူး။ Lenovo က Intel Platform ကို သုံးထားမယ်လို့ ပြောပါတယ်။ ဘက်ထရီ သက်တမ်းက ၁၁ နာရီ ဖြစ်ပါတယ်။ Windows 10 Pro Model ကို ဒီနှစ်လယ်မှာ ရောင်းမှာပါ။ ဈေးကတော့ မသေးပါဘူး။ ၂၄၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၃၆ သိန်းလောက်ရှိပါတယ်။ လက်ရှိမှာ သူ့ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။

Ref : theverge

%d bloggers like this: