Redmi Note 8 Pro အတွက် Twilight Orange အရောင် ထွက်ရှိ

အရင်က Redmi Note 8 Pro အတွက် Fritillaria White, Ice Emerald (Green) နဲ့ Light Gray အ‌ေ ရာင်တွေ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ Twilight Orange အသစ်ကို တရုတ်မှာ ရောင်းပေးလိုက်ပါပြီ။ အရောင် အသစ်အတွက် မော်ဒယ် ၂ ခုထုတ်လုပ်ပေးထားပြီး 6/128GB ကို ၁,၃၉၉ ယွမ်နဲ့ 8/128GB ကို ၁,၅၉၉ ယွမ် သတ်မှတ်ထားပါတ ယ်။ မြန်မာငွေ ၂၉၀,၀၀၀ နဲ့ ၃၃၀,၀၀၀ လောက် အသီးသီး ကျသင့်မှာပါ။

Redmi Note 8 Pro ဟာ စွမ်းဆောင်ရည်သင့် ဖုန်း ဖြစ်ပေမယ့် စွမ်းရည်မြင့် ဖုန်းတွေကို လိုက်မှီတဲ့ အစိတ်အပိုင်းတွေ ပါပါတယ်။ သူ့ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူဟာ 64MP Camera ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ Samsung ရဲ့ ISOCELL Bright GW1 Sensor ဖြစ်ပြီး Quad-binning Pixel နည်းပညာ ထည့်သွင်းထားပါတယ်။

၆.၅၃ လက်မ Full HD+ Display တပ်ဆင်ထားပြီး ဘေးဘောင်တွေက ပါးလွှာပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပါတယ်။ 64MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။ AI Features နဲ့ Scene Recognition တွေပါတဲ့ 20MP Selfie Camera ကို Notch မှာ ထည့်သွင်းထားပါတယ်။

MediaTek Helio G90T ပါတဲ့ ပထမဆုံး စမတ်ဖုန်းလည်း ဖြစ်လာပါတယ်။ 18W Fast Charging ပါတဲ့ 4,500mAh Battery ထည့်ထားပါတယ်။ ဂိမ်း အသားပေး Chipset ကို အပူချိန်လျှော့ချပေးဖို့ Liquid Cooling Chamber ၁ ခု ထည့်သွင်းထားပါတယ်။ WiFi နဲ့ 4G ၂ ခုစလုံးကို တစ်ပြိုင်နက် ချိတ်ဆက်နိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: