မြန်မာငွေ ၆ သောင်းလောက်ပဲရှိတဲ့ Realme C2s

Realme က ၂၀၂၀ မှာ တတိယမြောက် ဖုန်းကို ချပြလိုက်ပါပြီ။ Realme C2s လို့ နာမည်ပေးထားပြီး ပြီးခဲ့တဲ့ ဧပြီလက ကြေညာခဲ့တဲ့ Realme C2 ထက် ပိုကောင်းလာမယ်လို့ ထင်ရပါတ ယ်။ ဒါပေမယ့် Specs အားလုံး တူညီပြီး ထိုင်းမှာ နာမည်ပြောင်း ရောင်းချတာပါ။

တန်ဖိုးနည်း ဖုန်း ဖြစ်ပေမယ့် စွမ်းရည်သင့် လုပ်ဆောင်ချက်များ ပါပါတယ်။ သူ့မှာ 12nm Helio P22 Chipset မောင်းနှင်ထားပါတယ်။ သူ့မှာ ၆.၁ လက်မ HD+ Screen ပါပြီး အရွယ်သေး Notch ပါလာပါတယ်။ 3/32GB ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။ ပင်မကင်မရာက Realme C1 (2019) နဲ့ တူညီပြီး 13MP+2MP များကို အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ အရှေ့ကင်မရာက 5MP ဖြစ်ပါတယ်။

Android Pie အခြေပြု Color OS 6.1 မောင်းနှင်ထားပါတယ်။ ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံများ ဖမ်းယူပေးနိုင်တဲ့ Chroma Boost လုပ်ဆောင်ချက် ပါပါတယ်။ 480p 80 fps Slow-mo Video များ ရိုက်ကူးနိုင်ပါတယ်။ C2 ရဲ့ User Interface မှာ ကြော်ညာများ မထည့်ထားပါဘူး။

Diamond Black အရောင် ထုတ်လုပ်ပေးထားပါတယ်။ မေလ ၁၅ ရက်မှာ Flipkart ကနေ ရောင်းချမှာ ဖြစ်ပါတယ်။ ထိုင်း ဘတ် ၁၂၉၀ သတ်မှတ်ထားပြီး မြန်မာငွေ ၆ သောင်းလောက်ပဲရှိပါတယ်။

Ref : gsmarena

%d bloggers like this: