လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀ရဲ့ ဒီနေ့မှာ ကမ္ဘာ့ပထမဆုံး မော်တော်ကားကို စတင်ရောင်းချခဲ့ပါတယ်

၁၈၈၆ ခုနှစ်မှာ Gottlieb Daimler ဟာ ကမ္ဘာ့ပထမဆုံး ဆလင်ဒါတစ်လုံးထိုး မော်တော်ကားကို စတင်တီထွင်ထုတ်လုပ်ခဲ့ပြီး ၁၇နှစ်အကြာ ၁၉၀၃ခုနှစ်၊ ဇွန်လ ၂၄ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုက Ford မော်တော်ကားကုမ္ပဏီဟာ ကမ္ဘာ့ပထမဆုံးကားကို စတင်ထုတ်လုပ်ရောင်းချခဲ့ပါတယ်။

ford-model-a2

ဒီကားကို Ford Model A လို့နာမည်ပေးခဲ့ပြီး ပထမဆုံးကားအနေနဲ့ ချီကာဂိုမှ ဒေါက်တာ Ernst Pfenning ထံကိုရောင်းချခဲ့တာပါ။ Model A မော်တော်ကားအစီးရေ ၁၇၅၀ ကို ၁၉၀၃ခုနှစ်နဲ့ ၁၉၀၄ခုနှစ်ကြားမှာ ထုတ်လုပ်ခဲ့ပြီး ၁၉၀၄ခုနှစ်မှာတော့ Model A ကို အသစ်ထပ်မံထွက်ရှိခဲ့တဲ့ Ford ရဲ့ Model C နဲ့အစားထိုး ထုတ်လုပ်ခဲ့ပါတယ်။

Ford Model A အတွက်ကြော်ငြာ
Ford Model A အတွက်ကြော်ငြာ

ကားဟာ နှစ်ယောက်ထိုင်အမျိုးအစားဖြစ်ပြီး တစ်နာရီကို ၁၆ကီလိုမီတာနှုန်းနဲ့ သွားနိုင်တာပါ။ ဈေးနှုန်းကိုတော့ ဒေါ်လာ ၈၀၀ကနေ ၉၀၀ ကြားနဲ့ ရောင်းချခဲ့ပါတယ်။ ဒီကားဟာ ဟင်နရီဖို့ဒ်ရဲ့ ဒေါ်လာ၂၈,၀၀၀ နဲ့ မတည် တည်ထောင်ခဲ့တဲ့ ပထမဆုံးမှတ်တိုင်လို့ ဆိုနိုင်ပြီး ဒီကားရဲ့အောင်မြင်မှုကြောင့် ဖို့ဒ်မော်တော်ယာဉ်ကုမ္ပဏီဟာ ကားတွေကို စီးပွားဖြစ်အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့တဲ့ ပထမဆုံးကုမ္ပဏီကြီးဖြစ်လာခဲ့ပါတယ်။

Ref: Wikipedia, This Day in Tech

%d bloggers like this: