5G နဲ့ 64MP Quad Camera တွေပါတဲ့ Realme X50 5G ကို ကြေညာပြီ

Realme က သူ့ရဲ့ ပထမဆုံး 5G ဖုန်းကို ကြေညာလိုက်ပါပြီ။ Realme ရဲ့ ထုံးစံအတိုင်း တခြား 5G ဖုန်းတွေထက် ဈေးသက်သာနေပါတယ်။ 120Hz Refresh Rate ပါတဲ့အတွက် ဂိမ်းကစားရင် အရမ်းမြန်နေမှာပါ။ Dual Punch-hole ဆဲလ်ဖီး ကင်မရာ ၂ လုံးက နောက်ဆုံးပေါ် ဒီဇိုင်းပါ။ 5G ပါတဲ့ Snapdragon 765G Chipset မောင်းနှင်ထားပါတယ်။ 8mm Liquid-cooled Copper Pipe 3.0 ပါတဲ့အတွက် စွမ်းရည်မြင့် ဂိမ်းတွေ ကစားရင် အပူမလွန်ကဲစေပါဘူး။

အနောက်ဘက်မှာ 64MP အပါအဝင် ကင်မရာ ၄ လုံးထည့်သွင်းထားပါတယ်။ မြင်ကွင်းကျယ် ၊ Zoom နဲ့ အနီးကပ် ဓါတ်ပုံတွေ ရိုက်ပေးတဲ့ ကင်မရာတွေ အကုန် ပါပါတယ်။ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး အနောက်ဘက်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားတဲ့အတွက် မာကျောပါတယ်။ 30W VOOC Flash Charge 4.0 က ၃၀ မိနစ်အတွင်း ၇၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။

Realme X50 5G specifications

• 6.57-inch (1080 × 2400 pixels) Full HD+ 20:9 LCD screen with 120Hz refresh rate
• Octa Core (1 x 2.4GHz + 1 x 2.2GHz + 6 x 1.8GHz Kryo 475 CPUs) Snapdragon 765G 7nm EUV Mobile Platform with Adreno 620 GPU
• 6GB / 8GB LPDDR4X RAM with 128GB / 256GB (UFS 2.1) storage, 12GB LPDDR4X RAM with 256GB (UFS 2.1) storage
• Android 10 with realme UI
• Dual SIM
• 64MP rear camera with 1/1.72″ Samsung GW1 sensor, 0.8μm pixel size, f/1.8 aperture, LED flash, UIS stabilization, 12MP Telephoto lens with f/2.5 aperture for up to 20x hybrid zoom, 8MP 119° ultra-wide angle lens with f/2.25 aperture, 2MP 4cm macro lens with f/2.4 aperture, 960fps slow-motion
• 16MP front-facing camera with Sony IMX471 sensor, f/2.0 aperture, 1.0μm pixel size, 8MP 105 ° ultra-wide sensor with f/2.2 aperture
• Side-mounted fingerprint sensor
• USB Type-C audio, 1216 Linear Speaker, Dolby Atmos, Hi-Res Audio certification
• Dimensions: 163.8×75.8×8.9mm; Weight: 202g
• 5G SA/ NSA (Optional) / Dual 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz), Bluetooth 5, Dual-frequency (L1+L5) (K30 5G), GPS/GLONASS/Beidou, NFC, USB Type-C
• 4200mAh (Typical) / 4100mAh (Minimum) battery with 30W VOOC 4.0 flash charge

Polar White နဲ့ Glacier Blue အရောင်တွေ ထုတ်လုပ်ထားပြီး ၁၄ ရက်နေ့မှာ တရုတ်မှာ စရောင်းမှာပါ။ 8/128GB ၊ 6/256GB နဲ့ 12/256GB မော်ဒယ်တွေ ထုတ်လုပ်ထားပြီး ၂,၄၉၉ ယွမ်၊ ၂,၆၉၉ ယွမ်နဲ့ ၂,၉၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၅၂၀,၀၀၀ ၊ ၅၆၀,၀၀၀ နဲ့ ၆၃၀,၀၀၀ အသီးသီး ရှိနိုင်ပါတယ်။

Ref : fonearena

%d bloggers like this: