AnTuTu မှာ ရမှတ်လန်းနေတဲ့ Xiaomi Mi 10

Xiaomi က စွမ်းရည်မြင့် Mi 10 Series တွေကို ဖန်တီးနေပြီး မကြာခင် ကြေညာတော့မယ် ထင်ပါတယ်။ အခုတော့ နာမည်ကျော် Leakster ၁ ယောက်က Mi 10 လို့ ထင်ရတဲ့ ဖုန်းရဲ့ အနောက်ဘက်ကို ပြသထားတဲ့ ဓါတ်ပုံ ၁ ပုံကို မျှဝေလိုက်ပါတယ်။

ဒါ့အပြင် သူက Xiaomi Mi 10 ရဲ့ AnTuTu ရမှတ်တွေကို ပြသထားတဲ့ ဓါတ်ပုံကိုလည်း ပြသလိုက်ပါတယ်။ Snapdragon 855 Chipset နဲ့ Adreno 650 GPU ပါတဲ့ Mi 10 ဟာ AnTuTu မှာ ၅၆၀ ၀၀၀ မှတ်ရထားပါတယ်။ Snapdragon 855+ Chipset ပါတဲ့ လက်ရှိ စွမ်းရည်မြင့် စမတ်ဖုန်းတွေထက် ရမှတ်က ၁၅ ရာခိုင်နှုန်း ပိုများနေပါတယ်။ အဲဒီအတွက် စွမ်းဆောင်ရည်က အလန်းစားပါ။

Xiaomi Mi 10 မှာ 64MP ပင်မ ကင်မရာနဲ့ Pro မော်ဒယ်မှာ 108MP ပင်မ ကင်မရာပါလာမယ်လို့ ထင်ပါတယ်။ Mi Note 10 မှာလည်း အဲဒီ 108MP ကင်မရာကို သုံးထားတာပါ။

Ref : gsmarena

%d bloggers like this: