အနောက်ကင်မရာ ၄ လုံးပါတဲ့ တန်ဖိုးနည်း Realme 5i ကို ကြေညာပြီ

Realme 5i ကို ဗီယက်နမ်မှာ ကြေညာလိုက်ပါပြီ။ ဒေါ်လာ ၁၆၀ လောက်ရှိပြီး မြန်မာငွေ ၂၃၀ ၀၀၀ လောက်ပဲရှိပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးပါပြီး ပင်မ ကင်မရာက 12MP ဖြစ်ပါတယ်။ နောက် ၁ လုံးက 8MP မြင်ကွင်းကျယ် ဖြစ်ပြီး Super Night Mode ကို ထောက်ပံ့ပါတယ်။ ပင်မ ကင်မရာက 4K 30fps Video နဲ့ 120fps Slow-mo Video တွေကို ဖမ်းယူပေးပါတယ်။ နောက်ထပ် ကင်မရာ ၂ လုံးက 2MP Macro နဲ့ 2MP Depth တွေ ဖြစ်ပါတယ်။

11nm Snapdragon 665 Chipset မောင်းနှင်ထားပြီး 3/32GB နဲ့ 4/64GB တွေ ရွေးချယ်နိုင်ပါတယ်။ microSD Card Slot နဲ့ Android 9 Pie အခြေပြု Color OS 6.1 မောင်းနှင်ထားပါတယ်။ ၆.၅ လက်မ IPS 720x1600p မျက်နှာပြင် တပ်ဆင်ထားပြီး Gorilla Glass နဲ့ ဖုံးအုပ်ထားပါတယ်။ အရွယ်သေး Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

အပြာနဲ့ အစိမ်းရောင်တွေ ထုတ်လုပ်ထားပြီး အနောက်ဘက်မှာ Sunlight Pattern တွေပါတာက ဒီဇိုင်းလန်းပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထ ရီ ပါလာပြီး တခြား ဖုန်းတွေကို အားပြန်သွင်းပေးနိုင်တာက မိုက်ပါတယ်။ အတွင်းပိုင်းနဲ့ အပြင်ပိုင်းကိုပါ ရေစက်ရေပေါက်တွေ ခံနိုင်အောင် ဖန်တီးထားပါတယ်။ ရောင်းမယ့်အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena

%d bloggers like this: