Realme X50 နဲ့အတူ Youth Edition ကိုပါ ကြေညာနိုင်

Realme X50 ရဲ့ သတင်းတွေ မကြာမကြာ ထွက်ပေါ်နေပါတယ်။ အခုတော့ သူနဲ့အတူ Youth Edition ကိုပါ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ Youth Edition ဟာ အရင်က သတင်းထွက်ခဲ့တဲ့ X50 Lite ဖြစ်နိုင်ပါတယ်။ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။


ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တရုတ် လူမှုကွန်ရက် ဝီဘိုမှာ Realme X50 ရဲ့ Full Specs Sheet ၁ ခု ထွက်ပေါ်လာပါတယ်။ အဲဒီ Specs တွေကို အောက်မှာ ရှိုးလိုက်ပါ။

Realme X50 specs

• Body: Metal frame, polycarbonate body; Gorilla Glass 5 on back and front; 8.7mm thick, 185 grams; P2i
• Screen: 6.67-inch, FHD+ (1080 x 2400px), LCD by JDI, 120Hz refresh rate
• Rear camera: Primary 64MP Samsung GW1; Ultra wide-angle: 8MP; Zoom: 13MP 5x hybrid; 2MP super macro; Main camera EIS video super image stabilization + wideangle extreme image stabilization
• Front camera: 32MP Samsung GD1; 8MP ultrawide
• Chipset: Snapdragon 765G: octa-core (1×2.4 GHz Kryo 475 Prime & 1×2.2 GHz Kryo 475 Gold & 6×1.8 GHz Kryo 475 Silver), Adreno 620 GPU
• Memory: 6/128GB, 8/128GB or 8/256GB LPDDR4X RAM, plus Dual Channel UFS 2.1
• Battery: 4,500mAh, 30W charging
• Connectivity: 5G (N1 / N41 / N78 / N79), Bluetooth 5.0, Wi-Fi a/b/g/n/ac, USB-C; 3.5mm audio jack, Dual frequency GPS
• Misc: Side-mounted fingerprint reader, NFC, Single Speaker, Dolby Atmos,

Realme က ဇန်နဝါရီလ ၇ ရက်မှာ ပထမဆုံး 5G ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းကတော့ Realme X50 ဖြစ်ပါတယ်။ ကုမ္ပဏီ အဲဒီ ဖုန်းကို ၁ ခါ အားအပြည့်သွင်းထားရင် ၂ ရက်ကျော် အသုံးခံမယ်လို့ မကြာခင်က သတင်းပေးထားပါတယ်။

အဲဒီဖုန်းမှာ အရှေ့ ကင်မရာ ၂ လုံးကို Punch-hole မှာ ထည့်သွင်းထားပါတယ်။ အဲဒီအတွက် X50 5G ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်း ဖြစ်လာသလို Punch-hole Display ပါတဲ့ ပထမဆုံး ဖုန်းလည်း ဖြစ်လာမှာပါ။ ကုမ္ပဏီက Qualcomm Snapdragon 765G Chipset မောင်းနှင်ထားမှာ ဆိုတာကို အတည်ပြုထားပြီးပါပြီ။ ကုမ္ပဏီက အဲဒီ ဖုန်းဟာ 5G နဲ့ WiFi ကို တစ်ပြိုင်နက် ချိတ်ဆက်နိုင်မယ်လို့ သတင်းပေးထားပြီးပါပြီ။

ကုမ္ပဏီက Five-Dimensional Ice-Cooled Heat Dissipation System ပါလာမှာ ဖြစ်ပြီး အပူထုတ်တဲ့ ဧရိယာရဲ့ ၁၀၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်မယ်လို့ မကြာခင်က ပြောပါတယ်။ ဒါ့အပြင် Cooling System မှာ 8mm Ultra-Large Liquid-Cooled Copper Tube ထည့်သွင်းထားမှာပါ။

Ref : gsmarena

%d bloggers like this: