တရုတ်မှာ ရောင်းပေးလိုက်တဲ့ OPPO Reno3 Series

တရုတ်မှာ မကြာခင် ကြေညာခဲ့တဲ့ Reno3 Series တွေအတွက် အမှာစာတွေကို မကြာခင်ကလက်ခံခဲ့ပါတယ်။ ကုမ္ပဏီက အမှာစာ ၁.၄၆ သန်းကျော်သွားပြီလို့ ၂၇ ရက်နေ့က ကြေညာခဲ့ပါတယ်။ အခုဆိုရင် ၁.၅ သန်းကျော်သွားနိုင်ပါတယ်။ အမှာစာ ဆိုတာ ကြိုတင်ဝယ်ယူတာ မဟုတ်ပါဘူး။ အဲဒီအတွက် တကယ် ဝယ်ယူတဲ့ ပမာဏနဲ့ ကွဲပြားနိုင်ပါတယ်။ အခုတော့ တရုတ်မှာ Reno3 နဲ့ Reno3 Pro တို့ကို ရောင်းပေးလိုက်ပါပြီ။

Reno3 ဟာ MediaTek Dimensity 1000L SoC ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာပါတယ်။ ၆.၄ လက်မ မျက်နှာပြင် ပါပါတယ်။ အနောက်ကင်မရာ ၄ လုံးနဲ့ Android 10 အခြေပြု ColorOS 7 မောင်းနှင်ထားပါတယ်။ 5G Standalone & Non-standalone (SA/NSA) Sub-6GHz Network တွေကို ထောက်ပံ့ပါတယ်။

White, Black, Starry Night Blue နဲ့ Sunrise အရောင်တွေ ထုတ်လုပ်ထားပြီး 8/128GB မော်ဒယ်ကို ၃,၃၉၉ ယွမ်နဲ့ 12/128GB မော်ဒယ်ကို ၃,၆၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၇၂၀,၀၀၀ နဲ့ ၇၈၀,၀၀၀ လောက် အသီးသီး ကျသင့်မှာပါ။

Reno3 Pro မှာ ၆.၅ လက်မ FHD+ AMOLED 90Hz Punch-hole Display ထည့်သွင်းထားပြီး Screen-to-body Ratio က ၉၃.၄ ရာခိုင်နှုန်းပါ။ Snapdragon 765G မောင်းနှင်ထားပြီး 12GB RAM အထိ ပါပါတယ်။ ဘက်ထရီက 4025mAh ပါ။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး Android 10 အခြေပြု ColorOS 7 မောင်းနှင်ထားပါတယ်။ အနောက်ဘက်ဟာ အရောင်ပြောင်း ဒီဇိုင်းဖြစ်တဲ့အတွက် လှပါတယ်။

8/128GB မော်ဒယ်ကို ၃,၉၉၉ ယွမ် နဲ့ 12/256GB မော်ဒယ်ကို ၄,၄၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၈၅၀,၀၀၀ နဲ့ ၉၅၀,၀၀၀ လောက် အသီးသီး ရှိပါတယ်။ White, Black, Starry Night Blue နဲ့ Sunrise အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gsmarena

%d bloggers like this: