Xiaomi Mi Mix 3 အတွက် Android 10 အခြေပြု MIUI 11 ရပြီ

Xiaomi Mi Mix 3 ဟာ Android 9 အခြေပြု MIUI 11 ကို အစောဆုံးရတဲ့ ဖုန်းတွေထဲ ပါဝင်ခဲ့ပါတယ်။ တရုတ်မှာ အောက်တိုဘာလက Android 10 အခြေပြု MIUI 11 Beta Version ကို ရခဲ့ပါတယ်။ အခုတော့ တရုတ်မှာ Mi Mix 3 အတွက် Stable Version ကို ဖြန့်ချိပေးလိုက်ပါပြီ။

MIUI 11 မှာ အလန်းစား လုပ်ဆောင်ချက်တွေ ပါလာပါတယ်။ ဒီဇိုင်းပိုင်းမှာ ပြောင်းလဲထားပြီး အိုင်ကွန်တွေက ပိုလှလာပါတယ်။ System-wide Dark Mode ပါလာပြီး Mi Lan Pro System Font ထည့်ထားပါတယ်။ Always-on Display လုပ်ဆောင်ချက် ပိုကောင်းလာပါတယ်။ ဒါ့အပြင် Animations , Themes , Wallpapers အသစ်တွေ ပါလာပြီး Notification System က ပိုကောင်းလာပါတယ်။

MIUI 11 မှာ အသံအရည်အသွေး ပိုကောင်းလာပြီး သဘာဝကျတဲ့ Sound Effects နဲ့ Alarms တွေ ပါလာပါတယ်။ Xiaomi က Mi Go Travel Suite အသစ်ကို ကြေညာထားပြီး လေယာဉ်၊ ဘတ်စ်ကား၊ မီးရထား လက်မှတ်ခတွေ ပေးချေနိုင်ပါတ်ယ။ ပိုကောင်းလာတဲ့ Currency Converter ပါလာပြီး Power-saving Mode က အရမ်း လန်းလာပါတယ်။

Ref : gizmochina

%d bloggers like this: