Xiaomi ရဲ့ ကုမ္ပဏီခွဲ ၁ ခု ဖြစ်တဲ့ Huami က Amazfit Bip S စမတ်နာရီကို လာမယ့်လမှာကျင်းပမယ့် Consumer Electronic Show (CES) 2020 မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက အဲဒီ စမတ်နာရီရဲ့ Teaser တွေကို မျှဝေနေပြီး ဘက်ထရီ သက်တမ်း အရမ်းလန်းမယ်လို့ သိရပါတယ်။ လေးထောင့်ပုံသဏ္ဍာန် မျက်နှာပြင်ကို အသုံးပြုထားမှာပါ။
More powerful with an ultra-long #battery life. The #Amazfit BipS is worth the wait!
We'll be unveiling it at #CES2020!
Learn more at https://t.co/cL92fgNp7l.#LeepOverLimits pic.twitter.com/WmEThWNbe2
— Amazfit (@amazfit) December 26, 2019
Bip S အပြင် Amazfit က TWS Earbuds ကိုပါ ကြေညာမှာ ဖြစ်ပါတယ်။ စမတ်နာရီ ပြင်ပကို ဈေးကွက်တိုးချဲ့တော့မှာ ဖြစ်ပါတယ်။ အဲဒီ နားကြပ်ရဲ့ Teaser အရ In-ear Design ဖြစ်တာကို မြင်ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ Specs တွေကိုတော့ မပြောထားပါဘူး။ ဇန်နဝါရီလ ၇ ရက်နေ့မှာ ကျင်းပမယ့် CES 2020 မှာ Amazfit က ထုတ်ကုန် အသစ်တွေကို ပြသတော့မှာပါ။
Ref : gsmarena
You must log in to post a comment.