Huawei Mate 30 Series တွေ အလုံးရေ ၁၂ သန်း ရောင်းချနိုင်ပြီ

Huawei Mate 30 Series တွေ အလုံးရေ ၁၂ သန်း ရောင်းချပြီးပြီလို့ တရုတ် သတင်းဌာန Sina က ပြောပါတယ်။ Google Mobile Services တွေ မပါတဲ့ ဖုန်းတွေအတွက် ဒါဟာ တော်တော် အထင်ကြီးစရာကောင်းတဲ့ ရလဒ်ပါ။

ပြီးခဲ့တဲ့ လက MatePad Pro ကို ကြေညာတဲ့ ပွဲမှာ Huawei စီအီးအို Richard Yu က Mate 30 Series တွေ ၂ လအတွင်း ၇ သန်းကျော် ရောင်းချရတယ်လို့ ပြောပါတယ်။ Mate 20 Series တွေထက် ရောင်းအားက ၇၅ ရာခိုင်နှုန်းလောက် ပိုကောင်းနေပါတယ်။ အဲဒီ ရောင်းချရတဲ့ Mate 30 Series တွေထဲမှာ Huawei Mate 30, Huawei Mate 30 Pro, Huawei Mate 30 5G, Huawei Mate 30 Pro 5G နဲ့ Huawei Mate 30 RS Porsche Design တွေ ပါပါတယ်။

Mate 30 Series တွေ ရောင်းအား ကောင်းတဲ့ အဓိက အချက် ၂ ခု ရှိပါတယ်။ ၁ ခုက သူတို့ဟာ တကယ့်ကို အလန်းစား ဖုန်းတွေ ဖြစ်ပါတယ်။ နောက် ၁ ခုက အမေရိကန်က Huawei ကို စီးပွားရေး ပိတ်ပင်ထားတာကြောင့် တရုတ် လူမျိုးတွေဟာ မျိုးချစ်စိတ်နဲ့ Huawei ဖုန်းတွေကို ပြောင်းသုံးနေကြတာပါ။

အမေရိကန် အစိုးရက လက်ရှိမှာ Huawei အပေါ် စီးပွားရေး ပိတ်ပင်ထားတာကို လျှော့ချပေးနေပါတယ်။ Microsoft က Huawei ကို ဆော့ဖ်ဝဲတွေ ပြန်လည် ရောင်းချဖို့ ခွင့်ပြုထားပါတယ်။ Google က သူ့ရဲ့ ဆော့ဖ်ဝဲတွေကို Huawei ကို ပြန်လည် ရောင်းချမလားဆိုတာ မသိရသေးပါဘူး။ Google ရဲ့ Service နဲ့ App တွေမပါတဲ့ Huawei ရဲ့ ဖုန်းတွေဟာ ဥရောပမှာ အောင်မြင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gsmarena

%d bloggers like this: