ZTE Axon 10s Pro 5G ကို ကြေညာတော့မယ်

ZTE က Axon 10s Pro ဟာ ဒီဇိုင်းပိုင်းမှာ Axon 10 Pro နဲ့ တူမယ်လို့ သတင်းပေးထားပါတယ်။ အခုတော့ Axon 10s Pro 5G ရဲ့ သတင်းအချက်အလက်တွေ TENAA ကနေ ထွက်လာပါတယ်။ သူ့မှာ X55 5G Modem ပါတဲ့ Snapdragon 865 Chipset မောင်းနှင်ထားပါတယ်။ ကုမ္ပဏီက ကြေညာမယ့် နေ့ကို မပြောသေးပါဘူး။ TENAA မှာ မှတ်ပုံတင်လိုက်တဲ့အတွက် မကြာခင် ကြေညာနိုင်ပါတယ်။

TENAA က ဓါတ်ပုံမှာ ၆.၄၇ လက်မ မျက်နှာပြင်နဲ့ Waterdrop Notch ပါမယ်လို့ ဖော်ပြထားပါတယ်။ အရင်မျိုးဆက်လို မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါလာနိုင်ပါတယ်။ TENAA မှာ အဲဒီ ဖုန်းရဲ့ မော်ဒယ်နံပါတ်ကို ZTE A2020 SP လို့ ဖော်ပြထားပြီး 3,900mAh ဘက်ထရီ အနည်းဆုံး ပါမယ်လို့ သိရပါတယ်။ 4,000mAh ဘက်ထရီ ဖြစ်နိုင်ပါတယ်။

သူ့ရဲ့ အရွယ်အစား အပြည့်အစုံဟာ Axon 10 Pro နဲ့ တူပါတယ်။ ဒါပေမယ့် ကုမ္ပဏီက ပိုကောင်းလာတဲ့ ဆော့ဖ်ဝဲ အသစ် ပါမယ်လို့ ပြောပါတယ်။ Z-Booster 2.0 က ဖုန်းကို လျှင်မြန်သွက်လက်စေမှာပါ။

Ref : gsmarena

%d bloggers like this: