OPPO F15 ကို လာမယ့်လမှာ ကြေညာတော့မယ်

OPPO က အိန္ဒိယမှာ F Series ဖုန်း အသစ် ၁ လုံးကို ကြေညာတော့မှာပါ။ OPPO F15 လို့ နာမည်ပေးထားပြီး အခုတော့ ကုမ္ပဏီက သူ့ရဲ့ Teaser Video ၁ ခုကို မျှဝေလိုက်ပါတယ်။ Video မှာ သူ့ရဲ့ လုပ်ဆောင်ချက် တချို့ကို ပြသထားပါတယ်။ ကြေညာမယ့် နေ့ကို ကုမ္ပဏီက မပြောသေးပေမယ့် နောက်လမှာ မြင်ရမယ်လို့ ပြောပါတယ်။

Video အရ ဖုန်းမှာ Waterdrop Notch Display ပါလာပြီး အနောက်ဘက်မှာ ကင်မရာ ၄ လုံး တပ်ဆင်ထားပါတယ်။ ဒါတွေက လွဲပြီး တခြား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ ဖုန်း ဒီဇိုင်းက မကြာခင်က တရုတ်မှာ ကြေညာထားတဲ့ OPPO A91 နဲ့ တော်တော် တူပါတယ်။ OPPO F15 ဟာ OPPO A91 ကို မွန်းမံထားတဲ့ မော်ဒယ် ဖြစ်နိုင်ပါတယ်။

OPPO A91 ဟာ စွမ်းရည်သင့် ဟာ့ဒ်ဝဲတွေ ပါတဲ့ ဈေးချိုတဲ့ ဖုန်း ဖြစ်ပါတယ်။ ၆.၄ လက်မ FHD+ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 20:9 Aspect Ratio ဖြစ်ပါတယ်။ အရွယ်သေး Notch မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာတွေ ပါပါတယ်။ MediaTek Helio P70 Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB Storage တွေ ပါပါတယ်။ microSD Card စိုက်နိုင်ပါတယ်။ ဘက်ထရီက 4,000mAh ဖြစ်ပြီး 30W VOOC 3.0 Fast Charging ပါတဲ့အတွက် အားသွင်းရင် အရမ်းမြန်ပါတယ်။

Android 9 အခြေပြု ColorOS 6.1 မောင်းနှင်ထားပါတယ်။ Dark Blue , Red နဲ့ Gradient Color တွေ ထုတ်လုပ်ထားပြီး တရုတ်မှာ ယွမ် ၁၉၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၄၂၀ ၀၀၀ လောက်ရှိပါတယ်။

Ref : gizmochina

%d bloggers like this: