၂၀၂၀ နှစ်သစ်ကို ကြိုဆိုသောအားဖြင့် Mytel မှ အသုံးပြုသူများကို အထူးဆုကြီးများဖြစ်သော ရွှေ ၂၀ ကျပ်သား၊ Samsung ၅၅ လက်မ TV နှင့် MytelPay E-Money များကို ပေးအပ်

မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံး နှင့် ဂရုအစိုက်ဆုံးအော်ပရေတာ Mytel သည် နှစ်သစ်ကို ကြိုဆိုသောအားဖြင့် “နှစ်သစ်လည်းရောက် ရွှေလည်းပေါက်” အစီအစဉ်ကို မိတ်ဆက်ခဲ့ပါသည်။ သုံးစွဲသူများအနေဖြင့် ထိုအစီအစဉ်၏ အထူးဆုကြီးများဖြစ်သော ရွှေ ၂၀ ကျပ်သား (၈) ဆု ၊ SAMSUNG ၅၅ လက်မ TV (၈) လုံး၊ သိန်း ၁၆၀ တန်ဖိုးရှိ MytelPay e-wallet နှင့် ၁၀,၀၀၀ GB အထိ ကံထူးနိုင်မည့် အခြားသောနေ့စဉ်ဒေတာဆုမဲများကို MyID App မှ လစဉ်ဒေတာများကို ဝယ်ယူရုံဖြင့် ကံစမ်းနိုင်မည်ဖြစ်သည်။

သုံးစွဲသူများသည် MyID Application မှ လစဉ်ဒေတာများကို ဝယ်ယူရုံဖြင့် ဤအစီအစဉ်တွင် ပါဝင်ရန်အတွက် lucky code တစ်ခုရရှိမည်ဖြစ်သည်။ ထို့နောက် သုံးစွဲသူများသည် ကံစမ်းမဲအစီအစဉ်တွင် အလိုအလျှောက် ပါဝင်သွားမည်ဖြစ်ပြီး နေ့စဉ် ဆုမဲများ အနေဖြင့် ၁၀၀ GB မှ ၁၀,၀၀၀ GB အထိ ကံထူးနိုင်မည့် အခွင့်အရေး ရရှိမည်ဖြစ်ပြီး အပတ်စဉ် ဆုမဲများအနေဖြင့် ရွှေ ၂၀ ကျပ်သား (၁) ဆု ၊ Samsung ၅၅ လက်မ TV (၁) လုံး နှင့် ကျပ် ၁၀ သိန်း တန်ဖိုးရှိသော MytelPay e-wallet (၂) ဆု တို့ကို ချီးမြှင့်ပေးသွားမည်ဖြစ်သည်။ ထိုကဲ့သို့ စိတ်လှုပ်ရှားဖွယ်ဆုကြီးများကို ကံထူးနိုင်ရန်အတွက် ယခုကံစမ်းမဲအစီအစဉ်ကြီး ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် မှ ၂၀၂၀ ခုနှစ် မတ်လ ၅ ရက် အထိ ကာလကြာမြင့်စွာ သတ်မှတ်ပေးထားပါသည်။ Mytel Official Facebook မှ တစ်ဆင့်လည်း အပတ်စဉ်တိုင်း live session ထုတ်လွှင့်ကာ ဆုမဲများကို ကြေငြာပေးသွားမည်ဖြစ်သည်။

 

Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချူပ် ဦးဇော်မင်းဦး မှလည်း “ ဒီ “နှစ်သစ်လည်းရောက် ရွှေလည်းပေါက်” ဆိုတဲ့ အစီအစဉ်လေးကလည်း ကျွန်တော်တို့ Mytel စတင်ခဲ့တဲ့ အချိန်ကစလို့ အခုလို နှစ်သစ်ကူး အချိန်ကာလ ကို ကြိုဆိုတော့မယ့်အချိန်အထိ ယုံကြည်စွဲမြဲစွာ အသုံးပြုနေကြတဲ့ သုံးစွဲသူတွေ အားလုံးကို ကျေးဇူးတုံ့ပြန်ချင်တဲ့ ဆန္ဒနဲ့ ပြုလုပ်ကျင်းပရခြင်းဖြစ်ပါတယ်။ ဒီအစီအစဉ်မှာတော့ Mytel သုံးစွဲသူတိုင်း ပါဝင်နိုင်မှာဖြစ်ပြီး MyID Application ကို download ပြုလုပ်လိုက်ရုံပါပဲ။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို ဒီလိုကြီးကျယ်ခမ်းနားတဲ့ အစီအစဉ်ကြီးနဲ့ ကျေးဇူးတုံ့ပြန်ခွင့်ရတဲ့အတွက်လည်း တကယ်ကိုပျော်ရွှင်မိပါတယ်။ Mytel က နောက်နှစ်တွေမှာသာမက နောက်လာမည့်နှစ်များမှာလည်း ပိုမိုကောင်းမွန်ပြီး ပိုပြီးစိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ပျော်ရွှင်ဖွယ်အစီအစဉ်များကိုလည်း ပြုလုပ်ပေးသွားမှာလည်း ဖြစ်ပါတယ်။”

အကြီးမားဆုံး 4.5G ကွန်ရက် နှင့် ရှေ့ပြေးတီထွင်သူဖြစ်သည့်အပြင် ဂရုအစိုက်ဆုံး အော်ပရေတာဖြစ်သော Mytel သည် သုံးစွဲသူများ၏ လိုအပ်ချက်များအား အစဉ်အမြဲဖြည့်ဆည်းနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ Mytel သည် သုံးစွဲသူများအတွက် အကောင်းဆုံး အော်ပရေတာဖြစ်လာရန် ရည်ရွယ်ပြီး သုံးစွဲသူများ အပြန်အလှန်အကျိုးရှိစေရန်နှင့် ပိုမိုကောင်းမွန်သောအတွေ့အကြုံများပေးနိုင်ရန်လည်း ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် Mytel သည် ဆန်းသစ်သော တီထွင်မှုများနှင့်ဝန်ဆောင်မှုများ၏ ဖွံ့ဖြိုးတိုးတက်ရေးအား အထူးအာရုံစိုက်လျက်ပြီး မြန်မာပြည်သူတို့အတွက် ကောင်းမွန်သောအနာဂတ်ကို ဖန်တီးပေးနိုင်ရန် ဆက်လက်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

#MytelMyanmar

%d bloggers like this: