တစ်ပြိုင်နက် အများဆုံး Unboxing လုပ်ပြီး ဂင်းနစ် ကမ္ဘာ့စံချိန်တင်သွားတဲ့ Xiaomi

Xiaomi က ဂင်းနစ် ကမ္ဘာ့ စံချိန်များစွာကို ချိုးထားပါတယ်။ ကမ္ဘာ့ အကြီးမားဆုံး မိုဘိုင်း အခြေပြု Dynamic Puzzle ဖြစ်တဲ့ Xiaomi Play နဲ့ အိန္ဒိယမှာ Mi Store ၅၀၀ ကို တစ်ပြိုင်နက် ဖွင့်လှစ်ခဲ့တာတွေနဲ့ စံချိန်တင်ထားခဲ့ပါတယ်။ Xiaomi India ရဲ့ အရွယ်အစား အရမ်းကြီးတဲ့ Mi Logo ကလည်း ဂင်းနစ် မှတ်တမ်းဝင်ထားပါတယ်။

Xiaomi က ဒီမှာတင် မရပ်သေးပါဘူး။ မကြာခင်ကပဲ အမေရိကန်မှာ လူပေါင်း ၇၀၃ ယောက်က Mi ထုတ်ကုန်များကို တစ်ပြိုင်နက် Unboxing လုပ်ပြခဲ့ပြီး ဂင်းနစ် စံချိန်တင်သွားပါတယ်။ အရင် စံချိန်က လူပေါင်း ၆၄၃ ယောက် Unboxing လုပ်ခဲ့တာဖြစ်ပြီး Mercado Libre (Mexico) က ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့မှာ မက္ကဆီကို စီးတီးမှာ ပြုလုပ်ခဲ့တာပါ။

Xiaomi ရဲ့ Unboxing လုပ်တဲ့ ပွဲကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ နယူးယောက်ရှိ World Trade Center မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး Mi-stery Box လို့ နာမည်ပေးခဲ့ပါတယ်။ World Trade Center ကို ပြန်လည်တည်ဆောက်ပြီးနောက် လူအများဆုံး ပါဝင်တဲ့ ပထမဆုံး ပွဲ ဖြစ်လာပါတယ်။ Unboxing လုပ်တဲ့ ထုတ်ကုန်တွေထဲမှာ Mi Wireless Chargers နဲ့ တခြား ထုတ်ကုန်တွေ ပါပေမယ့် စမတ်ဖုန်းတွေ မပါလာပါဘူး။

REF : gizmochina

%d bloggers like this: