Xiaomi က တရုတ်မှာ Mi Store ၁၀၀ ကျော်ကို တစ်ပြိုင်နက် ဖွင့်လှစ်

Xiaomi က ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလမှာ အိန္ဒိယမှာ Mi Store ပေါင်း ၅၀၀ ကျော်ကို တစ်ပြိုင်နက် ဖွင့်ပြီး ဂင်းနစ် ကမ္ဘာ့ စံချိန်တင်ခဲ့ပါတယ်။ အခုတော့ တရုတ်မှာ ပွဲကြမ်းတော့မှာပါ။ Xiaomi က တရုတ်မှာ Mi Store ပေါင်း ၁၀၀ ကျော်ကို တစ်ပြိုင်နက် ဖွင့်လှစ်လိုက်ပါတယ်။

Xiaomi China မှာ ဥက္ကဌ အဖြစ် Lu Weibing စတင် တာဝန်ယူခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က စပြီး မြေပြင်စတိုးတွေ တိုးချဲ့ဖွင့်လှစ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ အရင်ကတော့ Xiaomi ဟာ အွန်လိုင်းကနေပဲ ဈေးကွက်ကို ထိုးဖောက်ခဲ့တာ ဖြစ်ပါတယ်။ မြေပြင် စတိုးဆိုင်တွေ မဖွင့်တဲ့အတွက် ထုတ်ကုန်တွေကို ဈေးသက်သက်သာသာနဲ့ ရောင်းချပေးနိုင်ခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ ဈေးကွက် နည်းဗျူဟာ ပြောင်းလဲခဲ့ပြီး မြေပြင် စတိုးများစွာ ဖွင့်လှစ်ခဲ့ပါတယ်။

ဒီနေ့အထိ Xiaomi ဟာ မြေပြင် စတိုးပေါင်း ၆၀၀၀ ကျော် ဖွင့်လှစ်ခဲ့ပြီးပါပြီ။ ကုမ္ပဏီရဲ့ ပထမဆုံး Mi Store ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့မှာ တရုတ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

Ref : gizmochina

%d bloggers like this: