Google Pixel 4a ရဲ့ ပုံရိပ်အချို့ ထွက်ပေါ်လာ

Pixel 4 စီးရီးရဲ့ စျေးနှုန်းသင့်ဗားရှင်း Pixel 4a ဖုန်းသစ်ရဲ့ပုံအချို့ကို OnLeaks က ထုတ်ဖော်ခဲ့ပြီး လုပ်ဆောင်ချက်အသစ်များစွာ ပါဝင်လာဖို့ရှိနေပါတယ်။ Pixel 3a ဟာ Google ရဲ့ စျေးနှုန်းသင့်ဖုန်းတွေအပေါ်လွှမ်းမိုးနိုင်ခြေအပေါ် တိုင်းတာခဲ့နိုင်တာကြောင့် အသစ်ထွက်မယ့်ဖုန်းသစ်ဟာလည်း အောင်မြင်မှုရဖို့ အနေအထားများနေတာပါ။ ဖုန်းသစ်မှာ အကျယ် ၅.၇ ဒါမှမဟုတ် ၅.၈လက်မရှိတဲ့ မျက်နှာပြင်ပါဝင်လာဖို့ရှီပြီး၊ Hole-punch ပုံစံ Selfie ကင်မရာပါဝင်လာဖို့ရှိနေတာပါ။

ဒါကြောင့်ဘတ်ဂျက်ဖုန်းကို Google ဟာ ဘောင်ကျဉ်းပုံစံကိုယူဆောင်လာတော့မယ့်ပုံစံပါ။ ဒါပေမယ့် Pixel 4 မှာပါဝင်တဲ့ လေးထောင့်ပုံစံ ကင်မရာတွေလည်းပါဝင်လာဖို့ရှိနေတာပါ။

Pixel 4a အနေနဲ့ Mid-range အမျိုးအစား Snapdragon နဲ့ အခြား စတေးရမယ့် လုပ်ဆောင်ချက်နေတော့ ရှိနေပေမယ့် အလတ်တန်းစားဖုန်းတွေထဲမှာတော့ တော်တော်ကောင်းတဲ့အမျိုးအစားတစ်ခု ဖြစ်လာမှာပါ။

Ref: Engadget

%d bloggers like this: