အားလပ်ရက်ကာလသီးသန့် နှင်းဘောတိုက်ခိုက်မှုကို “Call of Duty: Modern Warfare” ထည့်သွင်းထား

Call of Duty: Modern Warfare က အားလပ်ရက်ကာလအတွင်းမှာ ပိုပြီးနွေးထွေးတဲ့ ပုံစံနဲ့ ကစားလို့ရအောင် ပုံစံသစ်တစ်မျိုးပါဝင်လာပါတယ်။ Infinity Ward နဲ့ Activision တို့ မိတ်ဆက်ပေးလိုက်တဲ့ Snowfight Mode ကို ယခုအချိန်ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိသာရနိုင်မှာပါ။

Snowfight ဆိုတဲ့အတိုင်း သင်နဲ့ ပါတနာက သာမန်အတိုင်းသုံးနေတဲ့ သေနတ်တွေ၊ ဖောက်ခွဲရေးပစ္စည်းတွေအစား နှင်းခဲတွေကိုလက်နက်အနေနဲ့သုံးပြီး ရန်သူတွေကို နှိမ်နင်းရမှာပါ။ ဒါကြောင့် Snowfight Mode ကသွေးထွက်သံယိုနဲ့ ကြမ်းကြမ်းတမ်းတမ်းပုံစံကနေ ခေတ္တရပ်နားပြီး ပျော်ရွှင်လို့ရမယ့်နေရာပါပဲ။

Call of Duty: Modern Warfare ကစားသူတွေအနေနဲ့ နောက်ထပ် စိန်ခေါ်မှုပုံစံနှစ်မျိုးလည်းရရှိနိုင်ဦးမှာပါ။ Holiday ပုံစံ Theme နဲ့ Prop Hunt ကို ဒီဇင်ဘာ ၃၁ ရက်နဲ့ Hologram Battle Royal class ကို ဒီဇင်ဘာ ၂၉ရက်တွေထိ အသီးသီး ဆော့ကစာနိုင်မှာဖြစ်ပါတယ်။

Ref: Engadget

%d bloggers like this: