TV နဲ့တွဲကြည့်တဲ့ အတွေ့အကြုံကို အဆင့်‌မြှင့်ပေးထားတဲ့ YouTube App Update

YouTube အနေနဲ့ လက်ရှိမှာ ဘယ်လိုပစ္စည်းတွေမှာပဲ ရွေးချယ်ကြည့်ရှုတာဖြစ်ပါစေ အလွယ်တကူ ထိန်းချုပ်၊ ကြည့်ရှုနိုင်မယ့် ကြည့်ရတဲ့ အတွေ့အကြုံကို အကောင်းဆုံးဖြစ်စေနိုင်ဖို့ ပြုလုပ်ပေးနေပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်းက ထုတ်ဖော်ခဲ့တဲ့ သတင်းတစ်ခုအရ ဒီနှစ်အတွင်း မိုဘိုင်းလ် App ကပလက်ဖောင်းရဲ့ ပုံစံတွေကို ကို အပြောင်းအလဲများစွာပြုလုပ်ထားပါတယ်။

ဒီအထဲမှာ ဖုန်းရဲ့ iOS, Android App ကနေတစ်ဆင့် TV ကို တစ်ဆင့်ပြန်ထုတ်လွှင့်ထားတဲ့အချိန် လိုချင်တဲ့ Content ကို အသံနဲ့ ရှာဖွေလို့ရတဲ့ လုပ်ဆောင်ချက်အသစ်လည်းပါဝင်လာပါတယ်။ ဥပမာသင်က ညနေစာလို့ရှာလိုက်ရင် ဖုန်းကနေတစ်ဆင့် content တွေက TV မှာဖော်ပြပေးမယ့်ပုံစံမျိုးပါ။ အဲ့ဒီအပြင် PlayStation 4 နဲ့ PlayStation 4 Pro တို့ကတစ်ဆင့် ထုတ်လွှင့်တဲ့ Streaming ဗီဒီယိုတွေကို HDR ကွာလတီနဲ့ ကြည့်ရှုနိုင်ပြီလည်း ဖြစ်ပါတယ်။

တခြား Android App မှာ ဖြစ်ပေါ်လာနိုင်တဲ့ အပြောင်းအလဲတွေကိုလက်ရှိမှာ လုပ်ဆောင်နေပြီဖြစ်ပြီး၊ Update အသစ်မှာ ဗီဒီယိုတွေကို ပိုပြီးလွယ်လွယ်ကူကူရှာဖွေလို့ရနိုင်လာတာနဲ့ Caption တွေ၊ Quality တွေရွေးချယ်ရမှာလည်း လွယ်ကူစေမယ့် Quick Access ထည့်တာတွေပါဝင်လာဖို့ရှိနေပါတယ်။

Ref: The Verge

%d bloggers like this: