အလိုအလျောက်မောင်းနှင်နိုင်မယ့် စတီယာရင်ကို Honda ထုတ်လုပ်နေ

Honda ဟာ လာမယ့် ၂၀၂၀ ပထမလမှာ မှာပြုလုပ်မယ့် CES 2020 ပွဲအတွင်းအနာဂါတ်မှာ ထုတ်လုပ်မယ့် Concept အချို့ကို ထုတ်ဖော်ပြသသွားဖို့ရှိနေပါတယ်။ ဒီအထဲမှာ အနာဂါတ်ယာဉ်တွေမှာ ထည့်သွင်းဖို့ရှိတဲ့ Hasbro ရဲ့ပုံစံ စတီယာရင်ဘီးလည်းပါဝင်ပြီး ယာဉ်ကို အရှိန်လျှော့၊ အရှိန်တင်တာတွေနဲ့ ထိန်းချုပ်တာတွေ ပြုလုပ်သွားနိုင်မယ့်ပုံစံဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ ပြောကြားချက်အရ ဒီအကြိုထုတ်လုပ်မှုမှာ Mode ၈ခုပါဝင်မှာဖြစ်ပြီး၊ Semi-Autonomous နဲ့ Fully-Autonomous ဆိုပြီး ယာဉ်အနေနဲ့ အလိုအလျောက်ထိန်းချုပ်မောင်းနှင်နိုင်တဲ့အထိ လွှတ်ထားနိုင်မယ့် အနေအထားအထိတောင် ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ “အလိုအလျောက်ခေတ်အတွင်းမှာ Honda အနေနဲ့ သုံးစွဲသူတွေဟာ ယာဉ်မောင်းနှင်တဲ့ တာဝန်ကနေ လွတ်သွားနိုင်တဲ့ အဆင့်ကိုခံစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တစ်ချိန်ထဲမှာပဲ၊ သုံးစွဲသူတွေဟာ ယဉ်မောင်းနှင်တဲ့ ခံစားမှုနဲ့ အတွေ့အကြုံကိုအလိုရှိသေးတယ်လို့လည်း ထင်ပါတယ်” လို ဖော်ပြချက်တစ်ခုမှာ ဆိုခဲ့တာဖြစ်ပါတယ်။ အသုံးပြုသူတွေဟာ အလိုအလျောက်မောင်းနှင်စနစ်နဲ့ Manual မောင်းနှင်မှုအတွင်းမှာ ပြောင်းလဲပြီးရွေးချယ်သွားနိုင်မှာပါ။

ယာဉ်ရဲ့ ဆင်ဆာတွေမှာ အသုံးပြုသူက Mode အမျိုးမျိုးရွေးချယ်ထားတဲ့တိုင်အောင် လူသားအမှားတွေကြောင့်ဖြစ်ပေါ်နိုင်တဲ့ မတော်တဆတွေကို ကာကွယ်ပေးမယ့် စတစ်တွေပါဝင်ကြောင်းလည်းဖော်ပြခဲ့ပါတယ်။ ဒါကြောင့် လိုအပ်လာတဲ့အခါ အလိုအလျောက်မောင်းနှင်စနစ်က အသက်ဝင်လာပြီး ယာဉ်ကိုထိန်းချုပ်ပေးနိုင်မှာလည်းဖြစ်ပါတယ်။

လက်ရှိဒီအချက်တွေက Honda ထုတ်လုပ်ပေးလိုက်တဲ့ မျိုးဆက်သစ်အလိုအလျောက်မောင်းနှင်စနစ်ရဲ့ အချက်တွေဖြစ်ပြီး အသေးစိတ်ကို CES ပွဲမှာ တွေ့မြင်ရဖို့ရှိနေပါတယ်။

Ref: Engadget

%d bloggers like this: