Speedtest App ထဲမှာ VPN လုပ်ဆောင်ချက်သစ်ကို ထည့်သွင်း

Speedtest ကိုပိုင်ဆိုင်တဲ့ Ookla ကုမ္ပဏီဟာ Android ဖုန်းတွေမှာ အသုံးပြုနိုင်မယ့် VPN App ဝန်ဆောင်မှုအသစ်ကို App မှာ ထည့်သွင်း ထုတ်လုပ်လိုက်ပါတယ်။ Network မြန်နှုန်းကိုတိုင်းတာတဲ့ App ဟာကမ္ဘာပေါ်မှာ ပေါ်ပျူလာအဖြစ်ဆုံးဖြစ်ပြီးလက်ရှိမှာ VPN ကစားပွဲထဲကို ဝင်ရောက်လာခဲ့တာပါ။

Beta အနေနဲ့ စမ်းသပ်တင်ထားတဲ့ ဝန်ဆောင်မှုကို App အတွင်းမှာ ရယူနိုင်ပြီဖြစ်ပြီး Beta ကာလပြီးဆုံးသွားရင်တော့ Free နဲ့ Paid ဆိုပြီးဝန်ဆောင်မှုနှစ်မျိုးကိုထုတ်လုပ်သွားဖို့ ရှိနေတာပါ။ ဒါပေမယ့် စျေးနှုန်းကိုတော့လက်ရှိမှာ ပြောကြားသေးခြင်းမရှိသေးပါဘူး။

Free မှာတော့ ဒေတာပမာဏ 2GB ကိုတစ်လအသုံးပြုနိုင်မှာဖြစ်ပြီး၊ အကောင်းဆုံးဆက်သွယ်နိုင်မယ့် အနေအထားရောက်အောင် ပြုလုပ်နေကြောင်းသိရပါတယ်။ ဒါပေမယ့် သာမန် speedtest စမ်းတာလိုအသုံးပြုတာလည်း 2GB ထဲမှာ ထည့်သွင်းရေတွက်သွားမှာ ဖြစ်တာကြောင့် အလွယ်တကူနဲ့ ကုန်သွားဖို့ရှိပါတယ်။ အဲ့ဒီအပြင်လက်ရှိဒီဝန်ဆောင်မှုကို Mobile တွေမှာပဲသီးသန့်ရယူနိုင်မှာဖြစ်ပြီး Desktop အတွက်တော့ ဝန်ဆောင်မှုကိုပြုလုပ်ဖို့ အစီအစဉ်မရှိသေးပါဘူး။

Speedtest အနေနဲ့ VPN ဝန်ဆောင်မှုအသစ်ကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ ပြသထားပြီး App ဗားရှင်းအနေနဲ့ နောက်ဆုံးထွက် 4.4.29 ကို Update လုပ်ထားရမှာပါ။ မိတ်ဆွေလည်း ဝန်ဆောင်မှုကိုရယူနိုင်ဖို့ ဒီလင့်ကနေ နောက်ဆုံးထွက် ဗားရှင်းကိုရယူနိုင်ပါတယ်။

Ref: Android Authority

%d bloggers like this: