Samsung Galaxy Fold 2 မှာ အပြောင်းအလဲ ကြီးကြီးမားမားပြုလုပ်ထား

Samsung ရဲ့ နောက်ထွက်မယ့် ခေါက်ချိုးဖုန်း Galaxy Fold 2 မှာ ဒီဇိုင်းပိုင်းကို ယခင်နဲ့မတူပဲ အပြောင်းအလဲကြီးကြီးမားမားပြုလုပ်ထားမယ့်ပုံစံတွေ တွေ့ရဖို့ရှိနေပါတယ်။ Galaxy Fold 2 ဖုန်းဟာ Moto Razr 2019 ရဲ့ ဒေါင်လိုက်ခေါက်ချိုးပုံစံကို နမူနာယူပြီး ဒေါင်လိုက်ခေါက်ထားလို့ရမယ့် ဟန်ပန်ကို ထည့်သွင်းလာမှာ ဖြစ်ကြောင်း သိရပါတယ်။

Tipster Ice Universe လို့ခေါ်တဲ့ Leak တွေဖြန့်တဲ့ User တစ်ယောက်ရဲ့ Twitter မှာတင်ခဲ့တဲ့ ပုံအရ Galaxy Fold 2 မှာ ပိုပြီး ပါးလွှာတဲ့ပုံစံနဲ့ Ultra-thin ပုံစံ ဖန်သားကာဗာကို အခုနောက်ပိုင်း Plastic နဲ့လုပ်နေကြတဲ့ ခေါက်ဖုန်းတွေအစား ထည့်သွင်းအသုံးပြုဖို့ရှိနေတာပါ။

အဲ့ဒီအပြင် ကိုရီးယားကသတင်းတွေအရ Samsung Galaxy Fold 2 မှာ “ultra-thing glass” (UTG) လိုခေါ်တဲ့ အလွန်ပါးပြီး ပိုမိုခံနိုင်ရည်ရှိတဲ့ ဖန်သားမျက်နှာပြင်ကိုလက်ရှိ Galaxy Fold မှာသုံးထားတဲ့ ပလက်စတစ်အစားထည့်သွင်းလာဖို့ရှိနေတာပါ။

ဒီလိုဒီဇိုင်းအပြောင်းအလဲကြောင့် ဘေးဘောင်ခပ်ကျဉ်းကျဉ်းနဲ့ ခေါက်ဖုန်းပုံစံဖြစ်လာပေမယ့် အကျယ်ကို ၆.၇လက်မ မျက်နှာပြင်အတိုင်း ဆက်လက်အသုံးပြုဖို့လုပ်နေတာပါ။ ဒီလိုပုံစံအပြောင်းအလဲကြောင့် Compact ဖြစ်တဲ့ ဒီဇိုင်းပုံစံသစ်ကို တွေ့ရမှာတော့မှာ ဖြစ်ပါတယ်။

Galaxy Fold 2 ကို ၂၀၂၀ ခုနှစ်မှာ ထုတ်လုပ်သွားမှာဖြစ်ပြီး Samsung အနေနဲ့ ဘယ်တော့ထုတ်လုပ်မယ်ဆိုတာတေ့ာ မသိရသေးပါဘူး။ သတင်းအချို့အဆိုအရ ဖေဖော်ဝါရီလမှာ Galaxy Fold2 ထုတ်လုပ်မယ့် Event ကို ပြုလုပ်ဖွယ်ရှိပြီးစျေးနှုန်းအနေနဲ့ ဒေါ်လာ ၁၅၀၀ ရှိနိုင်ကြောင်းလည်း ဖော်ပြနေကြပါတယ်။

Ref: The Indian express

%d bloggers like this: