ဆယ်စုနှစ်အတွင်း ပေါ်ပျူလာအဖြစ်ဆုံး App ၄ခုလုံးကို Facebook ကပဲ ပိုင်ဆိုင်ထား

ပြီးခဲ့တဲ့ ၁၀နှစ်အတွင်း ဒေါင်းလုဒ်လုပ်မှုအများဆုံး App နဲ့ ဂိမ်းတွေရဲ့ သုံးသပ်ချက် ဒေတာတွေကို App Annie က ထုတ်ဖော်ခဲ့ပါတယ်။ ဒီအထဲမှာ ဒေါင်းလုဒ်ပြုလုပ်မှုအများဆုံးဂိမ်းတွေအဖြစ် Microtransaction ဂိမ်းတွေက အများဆုံး နေရာယူခဲ့ပြီး App တွေမှာလည်း Social Media နဲ့ ဆက်သွယ်ရေး App တွေကပဲ ထိပ်ဆုံးမှာ နေရာယူခဲ့တာပါ။ အထူးသဖြင့် Facebook ဟာ ဆယ်စုနှစ်တစ်ခုလုံးကို ပိုင်ဆိုင်ထားတယ်လို့တောင် ပြောလို့ရတဲ့ အနေအထားဖြစ်ခဲ့တာပါ။

App Annie ရဲ့ ထိပ်ဆုံးက ဒေါင်းလုဒ်လုပ်မှုအများဆုံး App တွေအဖြစ် Facebook, Messenger, WhatsApp နဲ့ Instagram တို့က အစဉ်လိုက်နေရာယူထားတာဖြစ်ပါတယ်။ Facebook App တွေရဲ့နောက်မှာတော့ Snapchat က နံပါတ် ၅နေရာနဲ့ Skype က ၆တို့မှာ အသီးသီးနေရာယူထားကြပြီး အဆင့် ၇မှာတော့ TikTok တို့က အစဉ်လိုက်ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် Twitter နဲ့ YouTube တို့လို App တွေ အဆင့် ၅၊ ၆၊ ၇တွေမှာပါမလာတာက နည်းနည်းတော့ အံ့အားသင့်ဖို့ကောင်းနေတာပါ။

ဒါပေမယ့် လူတွေအချိန်အများဆုံးအသုံးပြုတဲ့ App တွေနေရာမှာတော့ Facebook App တွေ ပါဝင်မလာပဲ ဗီဒီယိုနဲ့ သီချင်း App တွေဖြစ်တဲ့ Netflix, Spotify တို့လို App တွေကသာအများဆုံးနေရာယူခဲ့ပါတယ်။

ဆယ်စုနှစ်အတွင်း ဒေါင်းလုဒ်အများဆုံး ဂိမ်းတွေအဖြစ် Subway Surfers က ၁ နဲ့ အနောက်မှာ Candy Crush Saga နဲ့ Clash of Clans တို့ ပါဝင်လာပြီး၊ Temple Run 2 နဲ့ Fruit Ninja တို့က နောက်မှာရှိနေပါတယ်။ ဒီလိုလူသိပ်မကစားကြတော့တဲ့ ဂိမ်းတွေထိပ်ဆုံးနားမှာရှိနေတာ နည်းနည်းတော့ အံ့ဩဖို့ကောင်းနေပေမယ့် ကစားနေတဲ့သူတွေလည်းရှိနေတာကိုဖော်ပြနေပါတယ်။

blank

Ref: TNW

%d bloggers like this: