၂၀၁၉ ခုနှစ်မှာ လူကြည့်အများဆုံး YouTuber ဖြစ်လာတဲ့ PewDiePie

YouTube စတား ၁ ယောက်ဖြစ်တဲ့ PewDiePie ဟာ ၂၀၁၉ ခုနှစ်မှာ လူကြည့်အများဆုံး ဖြစ်လာပါတယ်။ ဆွီဒင် နိုင်ငံသား တည်ထောင်ထားတာ ဖြစ်ပြီး သူ့ရဲ့ Channel ကို ဒီနှစ်မှာ ကြည့်ရှုတဲ့ အကြိမ်အရေအတွက်ဟာ ၄ ဘီလီယမ်တောင် ရှိခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ စံချိန်သစ် ဖြစ်လာပါတယ်။ ဒီနှစ်မှာ သူဟာ အိန္ဒိယ သီချင်း Channel ၁ ခု ဖြစ်တဲ့ T-Series ကို ရှုံးနိမ့်ခဲ့ပြီး Subscribed အများဆုံး YouTube Channel ဘွဲ့ကို လက်လွှတ်ခဲ့ရပါတယ်။ လက်ရှိမှာ သူ့ Channel ကို Subscribe လုပ်ထားသူ သန်း ၁၀၀ ကျော် ရှိနေပြီ ဖြစ်ပြီး T-Series က သန်း ၁၂၀ ကျော်နဲ့ အသာရနေပါတယ်။ ဒါပေမယ့် PewDiePie ဟာ ကမ္ဘာမှာ ကြည့်ရှုမှု အကြိမ်အရေအတွက် အများဆုံးဖြစ်လာပါတယ်။

PewDiePie ဟာ ကမ္ဘာမှာ လူကြိုက်အများဆုံး YouTuber နဲ့ Gamer ဖြစ်ပါတယ်။ သူဟာ ဟာသဉာဏ်ရွှင်ပြီး YouTube မှာ Content ကောင်းကောင်းတွေ တင်နေတဲ့အတွက် အရမ်း နာမည်ကြီးပါတယ်။ သူ့ ဗီဒီယိုတွေ ကြည့်ရင် တခွီခွီနဲ့ ရယ်မောနေရမှာပါ။

ဒီနှစ်မှာ စံချိန်တင် ၄ ဘီလီယမ် ကြည့်ရှုမှု ရှိခဲ့တဲ့အတွက် ဝင်ငွေလည်း တော်တော် လန်းသွားပါတယ်။ အခုဆိုရင် သူဟာ ဒေါ်လာ သန်း ၂၀ လောက် ပိုင်ဆိုင်နေပါပြီ။ သူဟာ ကမ္ဘာအဝန်းက လူတွေရဲ့ Idol ဖြစ်လာပါတယ်။ အထူးသဖြင့် လူငယ် YouTubers တွေက သူ့ကို အရမ်း သဘောကျကြပါတယ်။

ဝမ်းနည်းစရာကောင်းတာက သူဟာ ၂၀၂၀ ခုနှစ်မှာ YouTuber ဘဝကနေ အနားယူမယ်လို့ နောက်ဆုံး ဗီဒီယိုမှာ ကြေညာခဲ့ပါတယ်။ သူက YouTube ရဲ့ မူဝါဒ အသစ်ကို သဘောမကျဘူးလို့ ပြောခဲ့ပါတယ်။ ၁၀ နှစ်ကြာ YouTube မှာ Content Creator အဖြစ် တင်ဆင်ပြီးနောက် ပင်ပန်းပြီး ကာလရှည်ကြာ အနားယူချင်တယ်လို့ သူ့ခံစားချက်ကို ပြောပြခဲ့ပါတယ်။ သူက သြဂုတ်လမှာ တခြား အလုပ် ၁ ခုကို ပြောင်းလုပ်မယ်လို့ အသိပေးခဲ့ပါတယ်။ သူ့ အမျိုးသမီး Marzia ဟာလည်း စိတ်ဖိစီးမှုတွေ များလို့ YouTuber အဖြစ်ကနေ ရပ်နားထားပါတယ်။

Ref : gurugamer

%d bloggers like this: