0 Shares 327 Views

ရေစိမ်ခံစမ်းသပ်မှုကိုကျရှုံးခဲ့တဲ့ Galaxy S7 Active ဖုန်းကို ပြန်လည်ပြင်ဆင်ခဲ့ပြီဖြစ်ကြောင်း Samsung ဆို

Jul 23, 2016
0 327

Samsung ဟာ ပြီးခဲ့တဲ့ လဆန်းပိုင်းလောက်တုန်းက ရေစိမ်ခံတဲ့ စမ်းသပ်မှုမှာ ကျရှုံးခဲ့တဲ့ Samsung Galaxy S7 Active ဖုန်းကို ပြန်လည် ပြင်ဆင်ခဲ့ပြီဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ Samsung အနေနဲ့ သူတို့ရဲ့ အကြမ်းခဲ့ဖုန်းအနေနဲ့ သီးသန့်ထုတ်လုပ်ထားခဲ့တဲ့ စမတ်ဖုန်းအမျိုးအစားကို ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းက Consumer Reports ကနေစမ်းသပ်ခဲ့တာဖြစ်ပြီး ကြော်ငြာထားသလို ရေစိမ်ခံခြင်းမရှိပဲ ပျက်သွားခဲ့တာပါ။ Samsung ဟာ ဒီပြသနာအပေါ် အရင်ဆုံး မဖြစ်နိုင်ကြောင်း ငြင်းဆန်ခဲ့ပေမယ့် ယခုတော့ သူတို့အနေနဲ့ ဒါဟာ ထုတ်လုပ်ရေးပိုင်းဆိုင်ရာမှာ ချို့ယွင်းချက်ရှိခဲ့လို့ဖြစ်ကြောင်း မှန်ကန်ကြောင်း ပြန်လည် ပြောဆိုခဲ့တာပါ။

Samsung Galaxy S7 Active ဖုန်းအသစ်တွေဟာ ယခုအခါမှာ ရေစိမ်ခံ အဆင့်သတ်မှတ်ချက် IP 68 စံနှုန်းနဲ့ ထွက်ရှိလာမှာဖြစ်ပြီး ဒါဟာဆိုရင် ရေအောက်အနက် ၅ပေမှာ နာရီဝက်တိုင်တိုင် စိမ်ထားလို့ ရတဲ့သဘောပဲ ဖြစ်ပါတယ်။ ဖုန်းနဲ့ ပါတ်သက်ပြီး တခြားပြဿနာ တစ်စုံတစ်ရာရှိတဲ့အကြောင်းကိုတော့ အသေးစိတ်မပြောကြားခဲ့ပါဘူး။ ဒါပေမယ့်လဲပဲ Samsung အနေနဲ့ကတော့ ချွတ်ယွင်းချက်ရှိတဲ့ အပိုင်းပါဝင်သွားတဲ့ ဖုန်းတွေဟာ ပမာဏအနည်းငယ်သာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

Samsung ဟာ AT&T နဲ့ ပူးပေါင်းပြီးတော့ ဒီပစ္စည်းတွေကို တစ်နှစ်အာမခံထပ်ပေးထားပြီး ရေစိမ်/ရေစိုတာနဲ့ ပတ်သက်တဲ့ ဖုန်းထိခိုက်မှုတွေကို ပြန်လည်လဲလှယ်ပေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် Consumer Reports ကတော့ Samsung အနေနဲ့ တစ်သက်တာအာမခံကိုမပေးနိုင်ကြောင်းလဲ ပြောကြားခဲ့ပါတယ်။

samsung-galaxy-s7-active1

Ref: Android Police

Facebook Comments

You may be interested

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်
Mobiles & Tablets, NEWS
0 shares87 views

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်

Ko Thuya - May 28, 2017

Huawei က စွမ်းဆောင်ရည်သင့် Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်လိုက်ပြီး စွမ်းဆောင်ရည်မြင့် P Series များနဲ့ ဆင်တူတဲ့အတွက် အလွန် လှပ ပါတယ်။ ထူးခြားတာက စွမ်းဆောင်ရည်သင့် ဖုန်းများမှာ အနောက်ကင်မရာ…

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes
Audio & Video, Gadgets, NEWS
5 shares111 views

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes

Ko Thuya - May 28, 2017

Minimeyes ဟာ အထူးပြုလုပ်ထားတဲ့ Motion Sensor တစ်ခု ဖြစ်ပြီး သင့် အခန်းထဲကို လူတစ်ယောက် ၀င်လာတာနဲ့ သင့် ကွန်ပြူတာ ဘရောက်စာ ၀င်းဒိုးနဲ့ အသံများကို ချက်ချင်း အလိုအလျှောက် ပိတ်ပေးနိုင်ပါတယ်။ အဲဒီ အတွက် သင့် ကွန်ပြူတာမှာ…

iPhone နဲ့ iPad ကြောင့် လေယာဉ်ပျက်ကျခဲ့သလား ဆိုတာကို စုံစမ်းနေ
Mobiles & Tablets, NEWS, Security & Safety
0 shares98 views

iPhone နဲ့ iPad ကြောင့် လေယာဉ်ပျက်ကျခဲ့သလား ဆိုတာကို စုံစမ်းနေ

Ko Thuya - May 28, 2017

၂၀၁၆ ခုနှစ် မေလမှာ Egypt Air လေကြောင်းပိုင် လေယာဉ်တစ်စီးဟာ ပဲရစ်ကနေ ကိုင်ရိုကို ပျံသန်းလာစဉ် ပျက်ကျခဲ့ပါတယ်။ အခုတော့ ပြင်သစ် စုံစမ်းရေးမှူးများက လေယာဉ်ပေါ်ပါ iPhone 6S နဲ့ iPad Mini 4 တို့ရဲ့ ဘက်ထရီ…

Most from this category