Apple Music ကို ခြောက်လစာ Free Subscription ဘယ်လိုရယူမလဲ ?

Apple Music ဟာ စတင်အသုံးပြုတဲ့ User အသစ်တွေကို ၃လစာ Free Subscription အနေနဲ့ အမြဲပေးလေ့ရှိပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ Apple ဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ ခရစ္စမတ်ပရိုမိုးရှင်းကို ထုတ်ဖော်လိုက်ပြီး Apple Music ကို ခြောက်လစာ Free အနေနဲ့ ရယူနိုင်မယ့် အစီအစဉ်ပါပဲ။

Macworld UK ကဖော်ပြချက်အရ Apple ပိုင်ဆိုင်တဲ့ Shazam app ကပြုလုပ်ထားတဲ့ Campaign အရ အခုလို ၆လစာ ရယူနိုင်တာပါ။ တကယ်လို့သင့် iPhone, iPad မှာ Shazam ကို install မလုပ်ရသေးဘူးဆိုရင် သင့်အနေနဲ့ Free ဒေါင်းလုဒ်လုပ်ပြီး သီချင်းတစ်ပုဒ်ကို shazam နဲ့ ရှာဖွေလိုက်ပါ။ ပြီးတာနဲ့ “Library” ခလုတ်ကို Swipe ဆွဲဝင်ရောက်ရမှာပါ။

ပြီးတာနဲ့ သင်လတ်တလော ရှာဖွေထားတဲ့သီချင်းကို “Recent Shazams” စာရင်းထဲမှာ ကြည့်ရှုပြီးဖွင့်ဖို့အတွက် “Open In Apple Music” ခလုတ်ကိုနှိပ်လိုက်တာနဲ့ သင်ဟာ Apple Music ကိုခြောက်လစာ Free ရယူနိုင်ပါပြီ။

နောက်ထပ်ကောင်းတဲ့တစ်ချက်ကတော့ လက်ရှိ Apple Music ကို Subscribe လုပ်ထားပြီးသားဆိုရင်လည်း ရှိထားတဲ့ Subscription ကို Cancel လုပ်ပြီးတော့ Shazam နဲ့ နောက်ထပ် သုံးလစာ Free ရယူနိုင်ပါတယ်။

ပြုလုပ်ဖို့အတွက် iPhone, iPad ထဲက

  • Music App ကိုဖွင့်
  • “For You” menu ကိုရွေး
  • ညာဖက်အပေါ်နားက Profile Picture ကိုနှိပ်
  • “manage Subscription” ကိုနှိပ်
  • “Cancel Subscription” ကိုနှိပ်
  • “Confirm”ကိုနှိပ်ပြီး

ရှိနေတဲ့ Subscription ကို ဖျက်နိုင်ပါတယ်။

အဲ့ဒီနောက် Shazam ထဲမှာ “Library” ကိုရွေးပြီး “Disconnect Apple Music” ကိုရွေးပြီး Confirm ပေးလိုက်ပါ။ အဲ့ဒီနောက် ခုနက အဆင့်တွေအတိုင်းလုပ်ဆောင်ပြီးနောက်ထပ် ၃လစာ Free ရယူနိုင်ပါတယ်။

လက်ရှိဒီ Free ပေးမှုကို မြန်မာနိုင်ငံမှာ မရတာကြောင့် VPN အသုံးပြုပြီး၊ US, UK, Canada နိုင်ငံတွေကိုရွေးချယ်ပြီးလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

Ref: 9to5Mac

%d bloggers like this: