EMUI 10 ထည့်ထားတဲ့ Device ပေါင်း ၁၀ သန်းကျော်ရှိပြီ

Huawei က Android 10 အခြေပြု EMUI 10 နောက်ဆုံး ဗားရှင်းထည့်ထားတဲ့ Honor နဲ့ Huawei စမတ်ဖုန်းပေါင်း ၁၀ သန်းကျော်သွားပြီလို့ ကြေညာလိုက်ပါတယ်။ လက်ရှိမှာ EMUI 10 ကို မော်ဒယ် ၃၃ ခုမှာ ထောက်ပံ့ထားပါတယ်။ ပြီးခဲ့တဲ့ ၁ လ လောက်က Huawei ဟာ EMUI 10 (Honor Device တွေအတွက်တော့ Magic UI 3.0 ဖြစ်ပါတယ်။) ထည့်သွင်းထားတဲ့ Device ပေါင်း ၁ သန်းရှိပြီလို့ ပြောခဲ့ပါတယ်။

Mate 30 Series တွေဟာ EMUI 10 ရတဲ့ ပထမဆုံး စမတ်ဖုန်းတွေ ဖြစ်ပြီး Huawei က နောက်ပိုင်းမှာ တခြား စမတ်ဖုန်းတွေအတွက် ဖြန့်ချိပေးခဲ့ပါတယ်။ အလုံးရေ ၁၀ သန်းပြည့်သွားတာ တော်တော် မြန်ပါတယ်။ ၂၀၁၉ ခုနှစ်အကုန်မှာ Huawei က စမတ်ဖုန်း အလုံးရေ သန်း ၂၃၀ ရောင်းချနိုင်ဖို့ မျှော်လင့်ထားပါတယ်။

Ref : gsmarena

%d bloggers like this: