Facebook အသုံးပြုသူ ၂၆၇ သန်းကျော်ရဲ့ အချက်အလက်တွေထပ်မံ ပေါက်ကြား

Facebook အသုံးပြုသူပေါင်း သန်း ၂၇၀နီးပါးရဲ့ ကိုယ်ရေးအချက်အလက်၊ ဖုန်းနံပါတ်၊ အမည်တွေ အွန်လိုင်းပေါ်ပေါက်ကြားခဲ့ကြောင်း လုံခြုံရေးဆိုင်ရာ သုံးသပ်သူ Bob Diachenko ရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒီအချက်အလက်တွေဟာ Password နဲ့အခြား Authentication တွေမပါဝင်ပဲ ဝင်ကြည့်လို့ရလောက်တဲ့ အနေအထားဖြစ်ပြီး ဒီလိုဖြစ်တာဟာ တရားမဝင်ပြုလုပ်တဲ့ Operation တစ်ခုခုဒါမှမဟုတ် Facebook ရဲ့ API တွေကြောင့်ဖြစ်ရတာဖြစ်ကြောင်း သိရပါတယ်။

Dianchenko ရဲ့ ပြောကြားချက်အရ ဆာဗာကို ရဲ့ IP address ကိုထိန်းချုပ်ထားတဲ့ ဒေတာဘေ့စ်ပေါက်ကြားလာခဲ့တာဖြစ်ပြီး ဒီလိုပေါက်ကြားနေတာ နှစ်ပတ်နီးပါးကြာမြှင့်နေခဲ့တာပါ။ အဲ့ဒီအပြင် အဆိုပါဒေတာတွေကို ဟက်ကာဖိုရမ်တစ်ခုမှာ ဒေါင်းလုဒ်လုပ်လို့ရအောင်လည်း တင်ထားသေးကြောင်းသိရပါတယ်။

Facebook ပြောရေးဆိုခွင့်ရှိသူကတော့ “ဒီပြသနာကိုအဖြေရှာနေပေမယ့်၊ အဲ့ဒီအချက်အလက်တွေဟာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေက အချက်အလက်တွေကို လုံခြုံရေးကောင်းကောင်းနဲ့ မကာကွယ်နိုင်သေးခင်အပြောင်းအလဲကာလမှာ ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေဖြစ်ဖို့များပါတယ်” လို့ ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း Facebook အကောင့် သန်း ၄၂၀ရဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့မှု၊ ဒီနှစ်စပိုင်းတုန်းက စံချိန်တင် ဒေတာ သန်း ၅၄၀ မတော်တဆထွက်လာမှုတွေလို ပေါက်ကြားမှုကြီးတွေ ဖြစ်ပေါ်ထားပါသေးတယ်။ Facebook ဝန်ထမ်း ၂၀၀၀၀ ကျော်ဟာ အသုံးပြုသူ သန်း ၆၀၀ရဲ့ Passwords တွေကို ဝင်ရောက်ခွင့်ရထားကြောင်း သတင်းထွက်ထားတာလည်းဖြစ်ပါတယ်။

Ref: Engadget

%d bloggers like this: