Vivo S1 Pro ကို လာမယ့်လမှာ အိန္ဒိယမှာ ရောင်းတော့မည်

Vivo က မေလမှာ Vivo S1 Pro ကို ကြေညာခဲ့ပြီး Notch-less မျက်နှာပြင်နဲ့ Pop-up ဆဲလ်ဖီး ကင်မရာတွေ ထည့်သွင်းထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းကို လာမယ့်လလယ်မှာ အိန္ဒိယမှာ ရောင်းတော့မှာ ဖြစ်ပါတယ်။

Vivo S1 Pro မှာ Snapdragon 675 SoC မောင်းနှင်ထားပြီး 6/256GB နဲ့ 8/128GB မော်ဒယ် ၂ ခု ထုတ်လုပ်ပေးထားပါတယ်။ Android Pie မောင်းနှင်ထားပြီး ၆.၃၉ လက်မ FHD+ Super AMOLED မျက်နှာပြင် ထည့်သွင်းထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားပါတယ်။

သူ့မှာ 32MP ဆဲလ်ဖီး ကင်မရာကို Pop-up Design ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 48MP Main နဲ့အတူ 8MP Ultrawide နဲ့ 5MP Depth Sensor တွေ တပ်ဆင်ထားပါတယ်။ 3,700mAh ဘက်ထရီ ထည့်သွင်းထားပြီး 18W Fast Charging ပါပါတယ်။ ဒါပေမယ့် microUSB Port ပဲပါတာက သိပ်မမိုက်ပါဘူး။

Ref : gsmarena

%d bloggers like this: