၂၀၁၉ ခုနှစ်ဟာ iPhone 11 လိုကမ္ဘာကျော်ထုတ်ကုန်တွေသာမက၊ Motorola Razr နဲ့ Nintendo Switch Lite တို့လို အခြား Brand တွေလည်း ထွန်းတောက်ခဲ့တဲ့နှစ်တစ်နှစ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် ဒီနှစ်အတွင်းမှာ ထွက်လာခဲ့တဲ့ နည်းပညာသစ်ပစ္စည်းတွေထဲက အကောင်းဆုံးနဲ့ ၂၀၁၉ ကိုကိုယ်စားပြုမှုအဖြစ်ဆုံးအဖြစ် သတ်မှတ်လို့ရတဲ့ ထုတ်ကုန်အချို့ကို တင်ပြလိုက်ရပါတယ်။
Apple iPhone 11 Pro Max
Apple အတွက် ၂၀၁၉ ခုနှစ်ကတော့ ဒီဇိုင်းပိုင်းမှာ ထုတ်ပြစရာသိပ်မရှိခဲ့ပါဘူး။ ထပ်တလဲလဲဖြစ်နေတဲ့ ဒီဇိုင်းပုံစံဟောင်းနဲ့ ကင်မရာ သုံးလုံးတွဲပါဝင်တဲ့ ဖုန်းသစ်က သုံးစွဲသူတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့အချက်တွေထဲမှာတော့ Performance ကောင်းကောင်း၊ ဘက်ထရီသက်တမ်းကောင်းကောင်းနဲ့၊ ကင်မရာကောင်းကောင်းဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
Amazon Echo Studio
စမတ်စပီကာတွေဟာလည်း ပိုပြီး Intelligence ဖြစ်လာတာနဲ့အမျှ ဒီနှစ်ပိုင်းထဲမှာပိုပြီး အထင်ကြီးစရာ ဖြစ်လာပါတယ်။ ဒီထဲကမှ ရွေးချယ်သင့်တဲ့တစ်ခုကတော့ Echo Studio ပါပဲ။ Apple HomePod, Google Home တို့နဲ့အတူ ယှဉ်ပြိုင်နေတဲ့ စျေးကွက်ထဲမှာ Amazon ရဲ့ ထုတ်ကုန်က 3D အသံထုတ်လုပ်နိုင်မှုအပြင် အခြားသော အချက်တွေကြောင့်လည်း အသုံးပြုသူတွေစိတ်ကြိုက်ဖြစ်နေပါတယ်။
DJI Mavic Mini
DJI ရဲ့ Mavic Mini ဒရုန်းအသစ်က အလွန်သေးငယ်တာကြောင့် သင့်လက်ထဲမှာ အလွယ်တကူ အဆင်ပြေပြေ အသုံးပြုနိုင်တဲ့ ပစ္စည်းတစ်ခုပါပဲ။ ၂၆၀ ဂရမ်သာ အလေးချိန်ရှိပြီး၊ မိနစ် ၃၀ အထိ ပျံသန်းနိုင်တဲ့အပြင် 4K HD ဗီဒီယိုတွေပါ Record လုပ်နိုင်လို့ ဓာတ်ပုံဆရာတွေ၊ ခရီးသွားဘလော့ဂါတွေအကြိုက်ပါပဲ။
Apple AirPods Pro
Apple က ဒီနှစ်အတွင်း AirPod Earbuds အသစ်တွေကို ပြန်လည်အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ Noise-cancelation ပါဝင်တဲ့ AirPods Pro ဟာ စျေးနှုန်းလည်းပိုမိုများပြားသွားတာကြောင့်လည်း Pro ဆိုတဲ့အတိုင်း Premium ဆန်တဲ့ ထုတ်ကုန်တစ်ခုတော့ ဖြစ်နေလျက်ရှိနေဆဲပါပဲ။
Nintendo Switch Lite
သံသယဖြစ်ဖွယ်မရှိအောင် ဒီနှစ်ရဲ့ စာရင်းထဲကို Nintendo Switch Lite ကတော့ ထည့်ကိုထည့်ရမယ့်ထုတ်ကုန်ပါပဲ။ Switch ရဲ့ Console အသစ်ဟာ၊ ပိုမိုသေးငယ်ပြီး စျေးပေါတဲ့ ဗားရှင်းဆိုပေမယ့်၊ ဆော့ကစားသူတွေရဲ့ စိတ်ကြိုက်ထုတ်ကုန်တစ်ခု အလျှင်အမြန်ပဲ ဖြစ်လာခဲ့တာပါ။ ဒေါ်လာ ၂၀၀ ရှိတဲ့ Lite ဟာ နဂို Switch ထက်ပိုပြီးကောင်းတဲ့ Handheld အတွေ့အကြုံကို ရရှိစေတယ်လို့ အားလုံးကချီးမွန်းခဲ့ကြပါတယ်။
OnePlus 7T
OnePlus ရဲ့ တစ်နှစ်နှစ်ကြိမ်ထုတ်တဲ့ ဖုန်းတွေဟာ နှစ်တိုင်းထူးခြားဆန်းသစ်မှုများစွာ ထည့်သွင်းလာတတ်သလိုပဲ ဒီနှစ်မှာလည်း အသုံးပြုသူတွေစိတ်ကြိုက် Product တွေထွက်လာခဲ့ပါတယ်။ ဒီထဲကမှာ 90Hz မျက်နှာပြင်၊ မိနစ်ပိုင်းအတွင်း အပြည့်သွင်းနိုင်တဲ့ ဘက်ထရီတွေလို လုပ်ဆောင်ချက်တွေအပြင်၊ ကင်မရာသုံးလုံးပါဝင်တဲ့ ကင်မရာစနစ်ကလည်း Bonus လုပ်ဆောင်ချက်လို့ပြောလို့ရလောက်အောင် အဆင်ပြေကောင်းမွန်ခဲ့ပါတယ်။ စျေးကွက်ထဲမှာ ဒီလိုစျေးနှုန်းနဲ့ ဒီလိုဖုန်းထွက်လာတာဟာလည်း အားလုံးကိုကျေနပ်စရာဖြစ်ခဲ့ပါတယ်။
Motorola Razr
ခေါက်ချိုးဖုန်းတွေရဲ့ မနက်ခင်းရောင်ခြည်သန်းခဲ့တဲ့ ၂၀၁၉ မှာ Samsung ရဲ့ ခေါက်ဖုန်းထက် Motorola ရဲ့ Razr တံဆိပ်နဲ့ ခေါက်ချိုးဖုန်းဟာ လူအများကြားရေပန်းစား လူပြောများခဲ့တဲ့ နည်းပညာပါပဲ။ ဒေါ်လာ ၁၅၀၀နီးပါး စျေးကြီးမြှင့်ပေမယ့် ပုံစံဒီဇိုင်းသစ်နဲ့ ခေါက်ချိုးဖုန်းဟာ စမတ်ဖုန်းကုမ္ပဏီအားလုံးမျက်စိကျစရာ ပုံစံရှိပေမယ့် အရည်အသွေးပိုင်းမှာတော့ လက်ရှိ Flagship ဖုန်းတွေကို မမှီသေးပါဘူး။
Ref: Indian Express
You must log in to post a comment.