ဖက်ရှင်ပုံရိပ်ကို မြှင့်တင်ပေးမည့် Vivo S1Pro ကို မကြာမီ Pre-Order မှာယူနိုင်တော့မည်

“Upgrade Your Style” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ခေတ်ရေစီးကြောင်းနဲ့အညီ တက်ကြွလန်းဆန်းနေတဲ့ လူငယ်တွေရဲ့ ဖက်ရှင်ပုံရိပ်တွေကို ပိုမိုမြှင့်တင်ပေးမယ့် ကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္ပဏီ Vivo ရဲ့ နောက်ဆုံးထုတ် ပုံစံဒီဇိုင်းနဲ့ အဆင့်မြင့်ဆုံး ဖန်တီးထားသည့် Vivo S1Pro ကို မြန်မာနိုင်ငံဈေးကွက်တွင် မကြာမီအချိန်၌ မိတ်ဆက် တော့မယ်လို့ သိရပါတယ်။

သုံးစွဲသူတွေအတွက် နည်းပညာပိုင်းတိုးတက်မြင့်မားမှုနဲ့ ဒီဇိုင်း‌ခေတ်မှီ ဆန်းသစ်မှုကို အမြဲတမ်း ဦးစား‌ပေးပြီး ဆောင်ရွက်နေတဲ့ Vivo အနေနဲ့ အခုအခါမှာလည်း ပြိုင်ဖက်ကင်းတဲ့ ပုံစံဒီဇိုင်း နဲ့အတူ တမူထူးခြားတဲ့ စိန်ပွင့်ပုံစံ ဖန်တီးပုံဖော်ထားတဲ့ နောက်ကျောပြင် ကင်မရာ ၄ လုံးဖြင့် ဖန်တီး ထုတ်လုပ်ထားသည်။

Vivo S1Pro ရဲ့ ထူးခြားတဲ့ စိန်ပွင့်ပုံစံ နောက်ကျောပြင် ကင်မရာစနစ်တွင် AI စနစ်သုံး 48 MP (f/1.8) ပင်မကင်မရာနဲ့ 8MP (f/2.2) မြင်ကွင်းကျယ်ကင်မရာ၊ 2MP (f/2.4) Macro ကင်မရာနဲ့ 2MP (f/2.4) Depth Sensor ကင်မရာ (၄) ခု တပ်ဆင်ပေးထားလို့ သုံးစွဲသူများ အနေနဲ့ တန်ဖိုးရှိတဲ့ အမှတ်တရ ပုံရိပ်များကို အကောင်းဆုံး ပုံထွက်နှုန်းနဲ့အတူ အမိအရ ရိုက်ကူးရယူ နိုင်မည်ဖြစ်သည်။ ဒါ့အပြင် Vivo ၏ Signature Photography နည်းပညာ နှင့် စွမ်းရည်မြင့် ဆော့ဖ်ဝဲလ် တွေ ထည့်သွင်း‌ပေးထားသဖြင့် ကိုယ်ပိုင် ဖက်ရှင်နဲ့စတိုင်လ်ကို အလေးထားတဲ့ လူငယ်တွေ အထူး အကြိုက်တွေ့ရန် သေချာနေပါသည်။

Vivo S1 Pro ဟာ လူငယ်တွေ စိတ်ကြိုက် စတိုင်လ်ကျလှပတဲ့ စမတ်ဖုန်းတစ်ခု ဖြစ်ပြီး ရင်သပ်ရှုမော ဖွယ်ရာ ၆.၃၈ လက်မအရွယ် Full HD+ Super AMOLED မျက်နှာပြင် တပ်ဆင်ပေးထားပြီး မျက်နှာပြင် အောက်မှာ လက်ဗွေလုံခြုံရေးစနစ်တို့ ပါရှိပါသည်။

Multitasking နှင့် Gaming လုပ်ဆောင်ချက်များ လျှင်မြန်စွာ ဆောင်ရွက်နိုင်ဖို့ စွမ်းရည်မြင့် Snapdragon 665 ပရော်ဆက်ဆာနှင့်အတူ 8GB RAM (မှတ်ဉာဏ်) နှင့် 128GB ROM (သိုမှီးမှုပမာဏ) တို့တပ်ဆင် ပေးထားပါသည်။ ထို့အပြင် Multi Turbo စနစ်ပါရှိတာကြောင့် အထူးကောင်းမွန်တဲ့ ဂိမ်းဆော့မှု အတွေ့ အကြုံကို ရရှိခံစားနိုင်မည်ဖြစ်သည်။

Voice Changer နည်းပညာလည်း ပါရှိသဖြင့် ဂိမ်းကစားချိန်အတွင်း ပျော်ရွှင်တက်ကြွမှုကို အပြည့်အဝ ယူဆောင်ပေးနိုင်ပြီး အသုံးပြုသူ၏ ကိုယ်ရေးကိုယ်တာ အချက် အလက်များကိုလည်း အကာအကွယ်ပေးထားမည် ဖြစ်သည်။ Vivo S1 Pro ၏ ဘက်ထရီကတော့ 4500mAh ပမာဏရှိပြီး Dual-Engine Fast Charging နည်းပညာ အသုံးပြုထားလို့ လျှင်မြန်စွာ အားသွင်းနိုင်မည် ဖြစ်သည်။

Pre-order အချိန်အတွင်း မှာယူသူများအနေဖြင့် လည်ပင်းအနှိပ်စက်ကို စတင်ရောင်းချသည့်နေ့တွင် လက်ဆောင်ရယူနိုင်မည် ဖြစ်ပါသည်။

အရောင် – Mystic Black (အနက်) နဲ့ Dreamy White (အဖြူ) အရောင်ပြေး ကာလာ ၂ မျိုး

ခန့်မှန်းဈေးနှုန်း – ကျပ် ၄ သိန်းမှ ၅ သိန်း

Pre-Order စတင်လက်ခံမည့် နေ့ရက် – ဒီဇင်ဘာလ ၂၃ ရက်

တရားဝင် မိတ်ဆက်မည့် နေ့ရက် – ဒီဇင်ဘာလ ၂၄ ရက်

%d bloggers like this: