Apple ရဲ့ ပြုပြင်လို့အကောင်းဆုံး ပစ္စည်းအဖြစ် Mac Pro အသစ် သတ်မှတ်ခံရ

iFixit လို့ခေါ်တဲ့ Apple ပစ္စည်းတွေ ပြုပြင်တဲ့ ဝက်ဘ်ဆိုက်က ပေးခဲ့တဲ့ Rating အရ Apple ရဲ့နောက်ဆုံးထွက် Mac Pro ဟာ ပြုပြင်နိုင်မှု Score 10 ပွိုင့်မှာ 9 အထိရရှိခဲ့ကြောင်းသိရပါတယ်။ ကွန်ပျူတာသစ်အနေနဲ့ ဖွင့်ရပြုရလွယ်ကူတာ၊ အထဲမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကို အစားထိုးပြုပြင်ဖို့အတွက် သီးသန့်ပစ္စည်းတွေမလိုတာ စတဲ့အားသာချက်တွေ များစွာဖြစ်လာတာပါ။

ဒီ Mac Pro ဟာ ပစ္စည်းသစ်တွေရဲ့ Apple က ပုံမှန်ချဉ်းကပ်နေတဲ့ လမ်းကြောင်းကနေ သွေဖည်လာတဲ့ ပစ္စည်းအမျိုးသစ်လည်း ဖြစ်ကြောင်း မီဒီယာတွေက ချီးမွန်းနေကြတာပါ။ Apple ရဲ့ နောက်ဆုံးထွက်ဖုန်းတွေဟာ iFixit Rating မှာ 6/10 သာရရှိခဲ့ပြီး၊ နောက်ဆုံးထွက် Laptop အသစ်တွေကတော့ ပိုပြီးဆိုးရွားတဲ့ Rating ဖြစ်တဲ့ 3 သာ ရရှိခဲ့တာပါ။

ဒီလိုကောင်းသတင်းတွေနဲ့ MacPro မော်ဒယ်အသစ်မှာ သိပ်မကောင်းတဲ့ သတင်းကတော့ ကွန်ပျူတာရဲ့ SSD က Apple ရဲ့ T2 security chip နဲ့ တွဲလျက်ထည့်ထားတာကြောင့် User ကိုယ်တိုင် အစားထိုး၊ ပြုပြင်ဖို့ မလွယ်ကူပဲ ပြုပြင်ဖို့ အလွန်စျေးကြီးမယ်လို့ သုံးသပ်ခဲ့တာပါ။

၂၀၁၃ခုနှစ်တုန်းက ထွက်ခဲ့တဲ့ အမှိုက်ပုံးပုံစံ Mac Pro ဒီဇိုင်းမှာပါဝင်တဲ့ Connector တွေဟာ ကေဘယ်လ်ကြိုးတွေကို ထည့်သွင်းရာမှာ ပြွတ်သိပ်နေတဲ့ပုံစံဖြစ်တာကြောင့် Repairability အဆင့်သတ်မှတ်ချက်မှာ 8 ရရှိခဲ့ပြီး လက်ရှိအသစ်က တစ်ပွိုင့်အသာရရှိခဲ့တာဖြစ်ပါတယ်။

Ref: The Verge

%d bloggers like this: