HP ရဲ့  2019 Spectre x360 ကိုရောင်းချနေပြီ

HP ရဲ့ ၃၆၀ဒီဂရီ ခေါက်ချိုးနိုင်တဲ့ လက်ပ်တော့အသစ် Spectre x360 13 ကတော့ လက်ရှိ အမေရိကန်မှာ စတင်ရောင်းချနေပြီဖြစ်ပါတယ်။ ပတ်လည် ဘေးဘောင်အပါးပုံစံ၊ 2-in-1 Compact ဖြစ်တဲ့ ဒီဇိုင်းတွေနဲ့ Spectre x360 13 ဟာ 10th Gen Intel Core i7 ပါဝင်တာကြောင့် Performance ပိုင်းမှာလည်း Solid ဖြစ်တယ်လို့ ပြောလို့ရနိုင်ပြီး Trackpad အကောင်းစားလည်းပါဝင်ပါတယ်။

ဒါကြောင့်သင့်အနေနဲ့စျေးကွက်ထဲမှာ Performance ကောင်းကောင်း လက်ပ်တော့အသစ်ကိုရှာဖွေနေတယ်ဆိုရင်တော့ ဒါကသင့်အတွက်ဖြစ်နိုင်ပါတယ်။

လက်ရှိမှာ ဒေါ်လာ ၉၀၀တန် အမြင့်ပိုင်း အမျိုးအစားက ၁၃.၃ လက်မမျက်နှာပြင်၊ 10th Gen Intel Core i7၊ 8GB RAM, 512GB NVMe SSD တွေပါဝင်တာဖြစ်ပြီး သူ့ရဲ့ တစ်ဆင့်နိမ့် ဒေါ်လာ ၈၀၀တန် မော်ဒယ်မှာတော့ ၁၃.၃ လက်မမျက်နှာပြင်၊ 10th Gen Intel Core i5၊ 8GB RAM, 256GB SSD တွေပါဝင်တာဖြစ်တာကြောင့် နှစ်မျိုးလုံးက Performance အမျိုးအစားပေါ်လိုက်ပြီးရွေးချယ်လို့ ကောင်းတဲ့ လက်ပ်တော့တွေပဲ ဖြစ်ပါတယ်။

Ref: The Verge

%d bloggers like this: