OnePlus 8 နဲ့ 8 Pro ရဲ့ Specs တွေ ပေါက်ကြားထွက်ပေါ်လာ

OnePlus 8 နဲ့ 8 Pro ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်တွေ ပြီးခဲ့တဲ့လက ထွက်လာပါတယ်။ ဓါတ်ပုံတွေအရ OnePlus 8 ဟာ လက်ရှိ OnePlus Phone တွေနဲ့ အရမ်းကို တူပါတယ်။ အဓိက ပြောင်းလဲမှု တစ်ခုက Notch နဲ့ Pop-up အစား Punch-hole Camera ပါလာတာ ဖြစ်ပါတယ်။ OnePlus 8 မှာ မျက်နှာပြင်ဘေးဘောင်တွေက အရမ်းကို ပါးလွှာတာက ခေတ်မှီလာတဲ့ ဒီဇိုင်းပါ။

အခုတော့ သူတို့ရဲ့ သတင်းအချက်အလက်တွေ ပိုမို ပေါက်ကြားထွက်ပေါ်လာပါတယ်။ OnePlus 8 မှာ ၆.၄ လက်မ S AMOLED E3 Curved Dual Punch Hole Display ပါလာမှာ ဖြစ်ပြီး Quad HD+ Resolution ဖြစ်ပါတယ်။ OnePlus 8 Pro မှာ ၆.၇ လက်မ S AMOLED E3 Curved Dual Punch Hole Display ပါလာမှာ ဖြစ်ပြီး မော်ဒယ် ၂ ခုစလုံးက 120Hz Refresh Rate ကို ထောက်ပံ့မှာပါ။

မော်ဒယ် ၂ ခုစလုံးမှာ Snapdragon 865 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 5G ပါတဲ့ X55 5G Modem ပါလာမှာပါ။ 8GB or 12GB LPDDR5 RAM နဲ့ 3.0 Storage တွေ ထောက်ပံ့ထားတဲ့ 128GB or 256GB Storage ထည့်သွင်းထားမှာပါ။ မော်ဒယ် ၂ ခုစလုံးရဲ့ အရှေ့ဘက်မှာ 32MP + 3D ToF Dual Camera ပါလာမှာပါ။

OnePlus 8 ရဲ့ အနောက်ဘက်မှာ 64MP, 20MP Ultrawide နဲ့ 12MP Telephoto Camera တွေ တပ်ဆင်ထားမှာပါ။ Pro မော်ဒယ်မှာ အဲဒီ Camera ၃ လုံးအပြင် 3D ToF Sensor အပို ၁ လုံး ထည့်သွင်းထားမှာပါ။ OnePlus 7 Series တွေကို ဒီနှစ် မေလမှာ ကြေညာခဲ့ပါတယ်။ လာမယ့်နှစ်မှာလည်း မေလမှာပဲ OnePlus 8 နဲ့ OnePlus 8 Pro ကို ကြေညာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: