PornHub က iPhone ကိုင်သူတွေ Porn အကြည့်ဆုံးလို့ ပြော

ဒတ်စတော့နဲ့ လက်ပ်တော့တွေကနေ Porn သိပ်မကြည့်ကြတော့ဘဲ ဖုန်းတွေကနေ ပိုကြည့်လာတယ်လို့ စစ်တမ်း ၁ ခုက ပြောပါတယ်။ အဲဒီ စစ်တမ်းကို ပြုလုပ်ထားတာက အင်တာနက်ရဲ့ လူကြည့်အများဆုံး လူကြီး ဖျော်ဖြေရေး ဝက်ဘ်ဆိုက် ဖြစ်တဲ့ PornHub ဖြစ်ပါတယ်။ PornHub က နှစ်တိုင်း ဒေတာတွေကို ထုတ်ပြန်ကြေညာလေ့ရှိပါတယ်။ ဒီနှစ်မှာ ဝက်ဘ်ဆိုက်ကို လာကြည့်ကြတဲ့ လူအားလုံးရဲ့ ၇၆.၆ ရာခိုင်နှုန်းဟာ ဖုန်းတွေကနေ ကြည့်တာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက Android ထက် iPhone ကိုင်သူတွေက Porn ပိုကြည့်ကြတယ်ဆိုတာပါ။ ဖုန်းကနေ Porn ကြည့်တဲ့အထဲမှာ iOS က ၅၂.၈ ရာခိုင်နှုန်းနဲ့ သရဖူ သိမ်းပိုက်လိုက်ပါတယ်။ Android က ဒုတိယနေရာမှာ ၄၆.၆ ရာခိုင်နှုန်းနဲ့ ရပ်တည်နေပါတယ်။ အရင်နှစ်ကလည်း iOS က Android ကို ကျော်ပြီး ဗိုလ်စွဲသွားတာပါ။

ဒတ်စတော့နဲ့ မိုဘိုင်းမှာ Porn အကြည့်အများဆုံး ဘရောက်စာက Chrome ဖြစ်ပြီး ၅၆.၂ ရာခိုင်နှုန်း ရှိပါတယ်။ Edge ကနေ ကြည့်သူက ၁၀.၇ ရာခိုင်နှုန်းပဲရှိပါတယ်။ ဖုန်းကနေ Porn အကြည့်များဆုံးကတော့ Chrome က ၄၄.၃ နဲ့ Safari က ၄၁.၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။

Ref : tnw

%d bloggers like this: