၂၀၂၀ မှာ YouTube ကနေ ‘ခေတ္တ အနားယူမယ်’ ဆိုတဲ့ PewDiePie

ကမ္ဘာကျော် YouTube စတား PewDiePie ဟာ လာမယ့် ၂၀၂၀ ခုနှစ်အတွင်းမှာ YouTube ကနေ ခေတ္တအနားယူသွားမယ်လို့ ထုတ်ဖော်လိုက်ပါတယ်။ YouTube ရဲ့  ပေါ်လစီသစ်တစ်ခုကို ဝေဖန်တဲ့ဗီဒီယိုတစ်ခုကို တင်ခဲ့ပြီး အနားယူမယ့်အကြောင်းကိုပါ ထည့်သွင်းပြောကြားသွားတာပါ။

အနားယူမယ့်အကြောင်းဟာ နောက်ပိုင်းမှ အသေအချာထုတ်ပြောသွားဖို့ရှိပြီး၊ လက်ရှိမှာတော့ “အရမ်းပင်ပန်းတယ်လို့ ခံစားရတယ်” လို့ အရိပ်အမြွက် ထုတ်ပြောသွားပါတယ်။ ဒီနှစ် ဩဂုတ်လထဲမှာ ကာလရှည်တွဲခဲ့တဲ့ ချစ်သူ Marzia ကိုလက်ထပ်ခဲ့ပြီး၊ ၁၀နှစ်အတွင်းမှာ ပထမဆုံးအနေနဲ့ YouTube အပြင် အခြားအကြောင်းအရာကို စဉ်းစားချင်တာလည်း ဖြစ်နိုင်ပါတယ်။

ဒီနှစ်ပိုင်းအတွင်း လွှမ်းမိုးမှုကြီးမားတဲ့ YouTuber တစ်ယောက်ဖြစ်ခဲ့ပေမယ့် နာမည်ကျော်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေလည်းခံစားနေရတာပါ။ ပြီးခဲ့တဲ့နှစ်တွေမှာ လူမျိုးရေးခွဲခြားတဲ့ အသုံးနှုန်းတွေ သုံးမိလို့ ဝေဖန်မှုပြင်းပြင်းထန်ထန်ခံခဲ့ရဖူးပြီး၊ “subscribe to PewDiePie” လှုပ်ရှားမှုဟာလည်း အကြမ်းဖက်မှုတစ်ခုမှာ အော်ပြောခဲ့တဲ့အထိ လွှမ်းမိုးခဲ့တာကြောင့် ဖိအားများစွာခံစားနေတာပါ။

လက်ရှိ YouTube ပေါ်လစီတွေအရ ဒီလိုအနားယူတဲ့အခါမှာ မိမိ Channel ရဲ့ Viewer တွေလျှော့ချပစ်တာမျိုးတွေပြုလုပ်တာမျိုးရှိပေမယ့် PewDiePie လို ပရိတ်သတ်အလုံအလောက်ရထားတဲ့ YouTuber တစ်ဦးက ဒီအကျိုးဆက်ကို ဂရုပြုမယ့်ဟန်မရှိပါဘူး။

Ref: Engadget

%d bloggers like this: