အနောက်ကင်မရာ ၄ လုံးပါတဲ့ Samsung Galaxy A51 ကို မိတ်ဆက်ပြီ

Samsung က A Series ဖုန်း အသစ်တွေကို ဗီယက်နမ်မှာ ကြေညာလိုက်ပါတယ်။ Galaxy A51 လို့ နာမည်ပေးထားပြီး မျက်နှာပြင် အရှည် ဒီဇိုင်းက ရုပ်ရှင်တွေကြည့်ရင် တော်တော်လန်းမှာပါ။ 48MP အပါအဝင် အနောက်ကင်မရာ ၄ လုံးက မိုက်ပါတယ်။ ဆဲလ်ဖီး ကင်မရာကလည်း 32MP ဆိုတော့ အလန်းစား ပုံတွေ ဖမ်းယူနိုင်မှာပါ။ ဗီဒီယိုရိုက်ရင် တည်ငြိမ်စေတဲ့ Super Steady Video လုပ်ဆောင်ချက် ပါပါတယ်။

မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ အနောက်ဘက်မှာ စိန်ပုံသဏ္ဍာန် Pattern တွေပါတာက ဒီဇိုင်းဆန်းပါတယ်။ 15W Super Fast Charging ပါတဲ့အတွက် အားသွင်းရင် မြန်ပါတယ်။

Samsung Galaxy A51 specifications


• 6.5-inch (2400 x 1080 pixels) Full HD+ Infinity-O Super AMOLED screen
• Octa-Core (Quad 2.3GHz + Quad 1.7GHz) Exynos 9611 10nm processor with Mali-G72 GPU
• 4GB RAM with 64GB storage, 6GB / 8GB RAM with 128GB Storage, expandable up to 512GB via micro SD card
• Android 10 with Samsung One UI 2.0
• Dual SIM (nano + nano + microSD)
• 48MP rear camera with LED flash, f/2.0 aperture, 12MP 123-degree ultra-wide angle camera with f/2.2 aperture, 5MP depth sensor with f/2.2 aperture, 5MP macro camera with f/2.4 aperture
• 32MP front camera with f/2.2 aperture
• In-display fingerprint sensor
• 3.5mm audio jack, Dolby Atmos
• Dimensions: 158.5 x 73.6 x 7.9mm ; Weight: 172g
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, USB Type-C
• 4000mAh battery with 15W fast charging

Prism Crush Black, White, Blue နဲ့ Pink အရောင်တွေ ရွေးချယ်နိုင်ပါတယ်။ 6/128GB ကို ဗီယက်နမ် ဒေါင် ၇ ၉၉၀ ၀၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၅၂၀,၀၀၀ လောက် ကျသင့်မှာပါ။ တခြား နိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : fonearena

%d bloggers like this: