FHD+ Infinity-O AMOLED မျက်နှာပြင်နဲ့ 64MP ကင်မရာပါတဲ့ Samsung Galaxy A71 ကို ကြေညာ

Samsung က စွမ်းရည်သင့် ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Galaxy A71 လို့ နာမည်ပေးထားပြီး ၆.၇ လက်မ Infinity-O Super AMOLED မျက်နှာပြင် ပါပါတယ်။ 20:9 မျက်နှာပြင် အချိုးပါတဲ့အတွက် ရုပ်ရှင်၊ ဗီဒီယို ကြည့်ရင် အရမ်းမိုက်ပါတယ်။ စွမ်းရည်သင့် Snapdragon 730 SoC မောင်းနှင်ထားပြီး 64MP အပါအဝင် အနောက်ကင်မရာ ၄ လုံး ပါပါတယ်။ 32MP ဆဲလ်ဖီး ကင်မရာကလည်း မိုက်ပါတယ်။ ဗီဒီယိုတွေ အရမ်းလန်းစေမယ့် Super Steady Video လုပ်ဆောင်ချက် ပါပါတယ်။

မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပြီး Dual SIM , microSD Slot တွေ ထည့်ထားပါတယ်။ အနောက်ဘက်ဟာ တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပြီး စိန်ပုံသဏ္ဍာန် Pattern တွေ ပါပါတယ်။ 25W Super Fast Charging ပါတဲ့ 4,500mAh ဘက်ထရီက လန်းပါတယ်။

Samsung Galaxy A71 specifications

• 6.7-inch (2400 x 1080 pixels) Full HD+ Infinity-O Super AMOLED screen
• Octa Core (2.2GHz Dual + 1.8GHz Hexa) Snapdragon 730 Mobile Platform with Adreno 618 GPU
• 6GB / 8GB RAM with 128GB Storage, expandable up to 512GB via micro SD card
• Android 10 with Samsung One UI 2.0
• Dual SIM (nano + nano + microSD)
• 64MP rear camera with LED flash, f/1.8 aperture, 12MP 123-degree ultra-wide angle camera with f/2.2 aperture, 5MP depth sensor with f/2.2 aperture, 5MP macro camera with f/2.4 aperture
• 32MP front camera with f/2.2 aperture
• In-display fingerprint sensor
• 3.5mm audio jack, Dolby Atmos
• Dimensions: 163.6 x 76.0 x 7.7mm; Weight: 179g
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, USB Type-C
• 4500mAh battery with 25W fast charging

Prism Crush Black, Silver, Blue နဲ့ Pink အရောင်တွေ ထုတ်လုပ်ထားပြီး ရောင်းမယ့် အချိန်နဲ့ ဈေးနှုန်းတွေကို မသိရသေးပါဘူး။

Ref : fonearena

%d bloggers like this: